{ ထပ်ခါတလဲလဲ သတိပေးခြင်းပါ...။ ယခု fic ထဲက စကားလုံးတိုင်းသည် ဇာတ်လမ်းဇာတ်ကွက်အရ သာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုစိတ်မရှိပါ..။ အငြင်းပွားခြင်း အမုန်းပွားခြင်းများ မပြုလုပ်ကြဖို့ အလေးအနက် မေတ္တာရပ်ခံပါ သည်။}
*++*++*++*++*++*++*
" ဟား... ဟား.... ဟား...."
Comment တွေဖက်ရင်း ဗိုက်နှိပ်ရယ်နေသည့် ရှောင်ချီ ကို ရစ်ကီ စိတ်မရှည်တော့တာကြောင့် ကျောနောက်က ကူရှင်ကိုဆွဲယူကာ မျက်နှာတည့်တည့်ပစ်ပေါက်လိုက်သည်..။
" တွဲနေတဲ့ ကိုယ့်ရည်စား ကိုယ်မမှတ်မိတာ ကော တို့အတွဲပဲရှိမယ်... ဆိုတော့ကား.. ဘယ်လို ပြန်ဖုံးကြမှာတုန်း.."
ရှောင်ချီ ကူရှင်ကို လှမ်းဖမ်းလိုက်ပြီး သူ့ရင်ခွင်ထဲထည့်ကာ ဖက်ထားရင်း ရစ်ကီ့ကို ပြန်မေးလာသည်..။
" ငါ နိုင်ငံတော်ကို အလှူငွေပေးအပ်ပွဲအခမ်းအနားကျရင် သူ့ကိုတက်ဖို့ ဖိတ်လိုက်မလားလို့.... တကယ်တော့ ငါစဉ်းစားတာလည်း မဟုတ်ပါဘူး.. xxx ပါတီ က ဖုန်းဆက်ပြီး အဲ့ဒီလိုလေး လုပ်ပေးရင်ကောင်းမယ်ပြောလို့.."
ရစ်ကီ စကားကြောင့် ရှောင်ချီ က 'မဆိုးဘူးပဲ' ဟု ပြောကာ ခေါင်းတညိတ်ညိတ်နဲ့လက်ခံလိုက်သည်..။
" သူတို့ လှည့်ကွက်တွေက မိုက်တော့ မိုက်သား....... ကျွန်တော် အစက တိုက်ရိုက်အခွန်ကင်းလွတ်ခွင့်ပေးတယ် ထင်နေတာ..."
ရှောင်ချီ စကားကြောင့် ရစ်ကီ နတ်ဆိုးဆန်ဆန် ပြုံးလိုက်သည်..။ ဒါက နိုင်ငံရေးရဲ့လှည့်ကွက်တစ်ခုပဲ... သူတို့က သူတို့ ပိုက်ဆံနဲ့ ရစ်ကီ နာမည်သုံးပြီး နိုင်ငံတော်သို့ ရန်ပုံငွေ လှူဒါန်းခြင်း ဆိုတဲ့ခေါင်းစဉ်တပ်ပေးလိုက်သည်..။ ထိုသို့ လှူဒါန်းခြင်းအတွက် မှတ်တမ်း ကဒ်ပြားရရှိလာရင်.. ရစ်ကီ သည် အလိုလို ဝင်ငွေခွန် ၂ နှစ်ကင်းလွတ်သွား မည်သာ..။
" အာ့တော့ ဆော့မက်သရူး က သဘောတူပြီလား..."
ရစ်ကီ က ရှောင်ချီ အမေးကို ခေါင်းခါပြလိုက်သည်..။ အတိအကျပြောရရင်တော့ မရေမရာ ဖြစ်နေတာပေါ့..။ ရစ်ကီက ဆော့မက်သရူး ရဲ့ အရင် ent က စီအီးအိုနဲ့ပဲ စကားပြောခဲ့ရသည့်အတွက် ဖုန်းက ဆော့မက်သရူး နဲ့တိုက်ရိုက် မချိတ်မိခဲ့...။ ဆော့မက်သရူး အား စီအီးအိုက ပြောပြပြီးမှသာ ရစ်ကီ့ ရဲ့ နိုင်ငံတော်သို့ ရန်ပုံငွေ လှူဒါန်းခြင်းပွဲသို့ ဆော့မက်သရူး တက်မတက် သိရပေမည်..။

ESTÁS LEYENDO
White Lies
Fanfictionမုသားနဲ့မာယာတွေ ပြည့်နှက်နေတဲ့လောကကြီးမှာ အသက်ရှင်နေတဲ့ ငါတို့ကြားမှာလည်း.............။ White Lies between Us! ( start date - April 1 , 2024 - End date - July 22 , 2024 ) * ယခု fic ထဲက စကားလုံးတိုင်းသည် ဇာတ်လမ်းဇာတ်ကွက်အရ စာရေးသူ၏ စိတ်ကူးစိတ်သန်းမျ...