[Unicode]
(ရှင်းအယ်အထက်တန်းကျောင်း)
ပိုင်လင်းချန်သည် လက်ရှိတွင် ရှင်းအယ်အထက်တန်းကျောင်းဆိုတဲ့ ကျောင်းဟောင်းရှေ့ ရောက်ရှိနေတာဖြစ်သည်။သူ့အပြင် အခြားလူ၄ယောက်ရှိသေးကာ မိန်းကလေး ၂ယောက် ကျောင်းသားတစ်ယောက်နဲ့ အသက်၄၀ကျော် ဦးလေးကြီးဖြစ်သည်။ကျောင်းသားဝတ်ဆင်ထားသော ယူနီဖောင်းမှာ ပိုင်လင်းချန်တို့ကျောင်းကပဲ ဖြစ်ကြောင်း သတိထားမိတယ်။သို့သော် လူတွေမှတ်ထားဖို့ ပျင်းတဲ့အပြင် ဘယ်သူမှန်းမသိတာကြောင့် အရေးမလုပ်တော့ပေ။
သို့သော် ထိုကျောင်းသားကတော့ ပိုင်လင်းချန်ကိုသိသည်။ကျားရိမင်သည် သူ့အတန်းထဲက နာမည်ကြီးတစ်ယောက်ကို တွေ့ရလိမ့်မည်လို့ မထင်ထားပေ။တစ်ယောက်နဲ့တစ်ယောက် စကားသိပ်မပြောဖူးသော်လည်း ဘာပဲဖြစ်ဖြစ်အတန်းဖော်ပဲလေ။နှုတ်ဆက်ရမလားလို့ တွေးနေစဉ် ဆယ်ကျော်သက်လေးမှာ သူကိုမသိသလို အကြည့်လွဲသွားလေသည်။တစ်ဖက်လူက သူကိုမသိတာကြောင့် ကျားရိမင်မှာ နှုတ်ခမ်းဆူမိသွားသည်။
“ဒါကဘယ်နေရာလဲ မင်းတို့တွေကော ဘယ်သူတွေလဲ ငါကိုဘယ်ခေါ်လာတာလဲကွ!”
လူငယ်၄ယောက်မှာ ရုတ်တရက်ဖြစ်လာတဲ့ သဘာဝလွန်ကိစ္စကြောင့် သတိထားနေကြစဉ် အသက်ကြီးကြီးဦးလေးကြီးမှာ ထပေါက်ကွဲလာသည်။ဘယ်သူမဆို အခုလိုဖြစ်သွားပါက ထိန့်လန့်သွားကြမည်ပင်။ထိုပြင် ဦးလေးကြီးမှာ အရက်သမားလူမိုက် ဖြစ်ပုံပေါ်တယ်။ဒီနေရာကိုရောက်လာတဲ့လူတိုင်း စာအုပ်တစ်အုပ်စီရထားသည်။ဦးလေးကြီးက လက်ထဲကစာအုပ်ကို လွှင့်ပစ်ပြီးခါးကြားထဲမှ ဓားထုတ်ကာချိန်းခြောက်လာတယ်။
“မင်းတို့တွေ ဘယ်သူဖြစ်ဖြစ် ငါဂရုမစိုက်ဘူး မင်းတို့ဆီမှာပါလာတဲ့ ပိုက်ဆံထုတ်ပေးစမ်း!”
ရုတ်တရက် ဒီနေရာရောက်လာတဲ့အပြင် လူမိုက်နဲ့တိုးနေတာမို့လို့ ဘာလုပ်ရမှန်း မသိကြတော့ပေ။ဦးလေးကြီးကလည်း ဘယ်သူမှမလှုပ်တာကြောင့် ဒေါသထွက်လာသည်။သူသည် အကြွေးနစ်နေတာကြောင့် စိတ်ညစ်ပြီးအရက်သောက်နေတုန်း ရုတ်တရက်ဒီရောက်လာတာဖြစ်သည်။မူးနေတဲ့အပြင် ဒေါသလည်းထွက်နေတာကြောင့် ဦးလေးမှာ ဘာမှမစဉ်းစားတော့ဘဲ ဓားကိုပိုင်လင်းချန်ဆီ ဦးတည်လိုက်တော့သည်။အားလုံးထဲတွင် အဝတ်စားကောင်းဝတ်ထားတဲ့အပြင် လွယ်အိတ်လည်းလွယ်ထားသေးတယ်။အားနည်းမယ့်ပုံပေါ်သည့် ထိုသူဌေးကောင်လေးကို သတ်ပြီးငွေယူကာ ဒီနေရာကနေ ထွက်သွားမည်ဖြစ်သည်။
YOU ARE READING
ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ Hell Gameကမ္ဘာ
Fanfictionမူပိုင်မျက်နှာသေနဲ့ ကျောင်းသားလေး ပိုင်လင်းချန်ဟာ အိမ်ပြန်လမ်းမှာ ထူးဆန်းတဲ့အကူညီတောင်းစာရခဲ့ပြီး Gameတစ်ခုထဲ ဆွဲသွင်းခံရတော့တယ်.....။ [Hell gameထဲမှ ကြိုဆိုပါတယ် မင်းရဲ့အသက်ကို လောင်းကြေးထပ်လိုက်ပါ ပျော်စရာ ရင်ခုန်စရာ စိတ်လှုပ်ရှားစရာ ကောင်းမယ်ဆိုတ...