Arc 1.4

107 19 23
                                    

[Unicode]

ပိုင်လင်းချန်နဲ့ကျားရိမင်သည် နာရီဝက်ခန့်ကြာအောင် ရှာပြီးနောက်တွင် ဖိုင်တော့တွေ့ပါရဲ့ အထဲကစာရွက်တွေ ပျောက်နေသည်။ကျားရိမင်မှာ မညည်းညူပဲ မနေနိုင်တော့။သဲလွန်စရပေမယ့် အခုကလမ်းဆုံးသွားတာလား။

“ချန်ကော ကျွန်တော်တို့ လမ်းပျောက်နေပြီ ဘာဆက်လုပ်ကြမလဲ”

ပိုင်လင်းချန်က ထင်သားပဲဆိုတဲ့ပုံစံနဲ့ ဖိုင်ကိုပိတ်ကာ အခန်းထဲက ထွက်လာသည်။ကိုယ်ကိုကိုယ် နောက်လိုက်လေးအဖြစ် ခံယူထားတဲ့ကျားရိမင်လည်း အမြန်လိုက်သွားသည်။ပိုင်လင်းချန်က သွားရင်းနဲ့မှ ကျားရိမင်ရဲ့အမေးကို အေးအေးဆေးဆေးပြန်ဖြေတယ်။

“မဟုတ်ဘူး ငါတို့လမ်းမပျောက်ဘူး သဲလွန်စထပ်ရတာ”

“သဲ….သဲလွန်စလား ကျွန်တော်တော့ ဘာမှမတွေ့သလိုပဲ” ကျားရိမင်က ခေါင်းကုတ်ရင်းပြောလာသည်။ချန်ကောက ဘာတွေ့သွားတာလဲ သူလည်းအတူတူကြည့်ခဲ့တာပဲလေ။ဖိုင်က အလွတ်ကြီးဟာကို။

“ငါတို့ဖိုင်ရသွားရင် သိသွားမယ့်သဲလွန်စက ဘာဖြစ်မယ်ထင်လဲ”

“ဖိုင်ရသွားရင်…….. အတန်းစာရင်းရပြီး အတိတ်ကိုစုံစမ်းလို့ရမယ် အတိတ်ကိုသိရင်………... အမှန်တရားကိုသိပြီ!! ဒါ…ဒါဆို big bossနဲ့ ရင်ဆိုင်လို့ရပြီပေါ့”

ကျားရိမင်က တွေးရင်းခန့်မှန်းကြည့်သည်။ဒီအဖြေက ကျိုးကြောင်းဆီလျော်ကာ မှန်ပုံရတယ်။အိမ်စာပြီးသွားတဲ့ ကျောင်းသားက ဆရာဆီမှာ အဖြေစစ်ခံနေရသလိုမျိုး ချန်ကောအား မျှော်လင့်ချက်အပြည့်နဲ့ မော့ကြည့်လိုက်သည်။

“မှန်တယ် အဲ့တာကြောင့် သဲလွန်စရတာ” ပိုင်လင်းချန်က ခေါင်းငြိမ့်ကာ အခန်းတစ်ခန်းကို ဖွင့်ကြည့်သည်။ဘာမှမရှိတော့ တံခါးပြန်ပိတ်ကာ နောက်တစ်ခန်းဆီသွားသည်။

အဖြေမှန်သွား၍ ပျော်သွားသော်လည်း ချန်ကောပြောတဲ့သဲလွန်စကို သူနားမလည်သေးဘူး။ကိုယ်ကိုကိုယ့် ဟုတ်လှချည်းလားလို့ ဘဝမြင့်နေတုန်း မိုးပေါ်က ရိုက်ချခံလိုက်ရသလို ခံစားလိုက်ရသည်။ဘယ်လောက် စဉ်းစားစဉ်းစား နားမလည်တာကြောင့် မျက်နှာနီနီလေးနဲ့ပဲ ကျားရိမင်မေးလိုက်မိသည်။

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ Hell Gameကမ္ဘာWhere stories live. Discover now