အချိန်အားဖြင့် ညနေ4နာရီ
ရှိုင်းတို့ယနေ့သက်ြန်လည်မည့်အတွက် သူငယ်ချင်းအပေါင်းအသင်းအချို့က ရှိုင်းတို့အိမ်သို့ရောက်ရှိနေကြသည် ။ သူငယ်ချင်းအများစုဟာ နေရီသူငယ်ချင်တွေပင်။ အစီအစဉ်ကတော့ ညနေ4နာရီကနေ ညအထိ သက်ြန်လည်မည့်အစီအစဉ် ပင်။"ရှိုင်းလေး လိုအပ်တာတွေထည့်ပြီးသွားပြီလား"
"ဟုတ် မမနေရီ "
" အကျီလက်ရှည်အပိုယူခဲ့ဖို့မနေ့နဲ့ဦးနော်"
" ဟုတ်ထည့်ပြီးပြီ မမ"
ဘောင်းဘီဒူးဖုံးလောက်နဲ့ အကျီကိုပေါ့ပါးစွာဝတ်ဆင်ထားတဲ့ကောင်ချောလေးကတော့
ရှိုင်းတို့အနားတက်ကြွသောခြေလှမ်းတွေနဲ့ဖြည်းညှင်းစွာ ချဉ်းကပ်လာတော့သည် ။"မမနေရီ သွားလို့ရပြီနော်"
"အွန်း ခဏလေး တစ်ယောက်ကျန်သေးတယ် "
ထိုအစဉ် အဆင့်မြင့်မြင့်အနက်ရောင်ကားလေးတစ်စီးက ခြံဝန်းလေးထဲသို့ မောင်းဝင်လာတော့သည် ။
"ဆောရီး နေရီ ကိုယ်နောက်ကျသွားလား"
" အချိန်ကိုက်ပဲ ရောင်စဉ် "
မိန်းကလေးတွေအကြားတွင်ရေပန်းအစားဆုံး ကောင်ချောလေးလို့ပြောလို့ရသည် ခပ်တောင့်တောင့်ဘော်ဒီနဲ့ မျက်နှာတစ်ခုချင်းစီရဲ့အစိတ်အပိုင်းတွေကအချိုးကြလှသည် ။ဒီလိုကောင်လေးမျိုးက နေရီနဲ့သူငယ်ချင်းဖြစ်တာမဆန်း နေရီက Queen ဆို ရောင်စဉ်က King ပင် ။
"ဒါနဲ့ ဒီချစ်ဖို့ကောင်းတဲ့ကောင်လေးက"
ရှိုင်းမျက်နှာ အနားကပ်ကာမေးလိုက်သောကြောင့် ရှိုင်းမျက်နှာအနောက်ကိုဆုတ်လိုက်သည် ဘေးကဘာမဆိုင်ညာမဆိုင် ကောင်ချောလေးက မျက်နှာမဲ့ကာ လက်သီးဆုတ်လေးကတင်းခနဲ့ ။
"အော် သူက တို့မောင်လေးလေ နာမည်က ဇော်ရှိုင်းထက်တဲ့ ရန်ကုန်က သက်ြန်ကျောင်းပိတ်ရက် လာလည်တာလေ "
"အော် မင်းကချစ်စရာလေးပဲ မဂ်လာပါ ကိုယ့်နာမည်က ရောင်စဉ်ပါ "
လက်အရှေ့ထိုးပေးလာသောသူကြောင့် ရှိုင်းလက်နှစ်ဖက်ကိုနောက်ပို့ကာ
YOU ARE READING
ကိုယ်ရယ်မင်းရယ် ပန်းပိတောက်ရယ်
Short Story"ငါမင်းကို ဘယ်လောက်ချစ်လဲဆိုတာကို ပိတောက်ပန်းဝါဝါတွေကသက်သေတည်လျက်"