ရုတ်တရက် ပူနွေးနွေးဖြစ်သွားသောပါးပြင်လေးကြောင့် ရှိုင်းရဲ့မျက်ဝန်းလှလှလေးမှာ အရည်ကြည်လဲ့လဲ့တို့ကနေရာယူလာတော့သည် ။
"အကို အကိုရှိုင်း ..."
Vitamin ရဲ့အသံသည် အရှေ့က မျက်ဝန်းစိုစိုတို့ကြောင့် အနည်းငယ်တုန်ယင်စပြုလာသည် ။
"ကျွန်တော် ..."
"ငါပြန်တော့မယ်.."
အက်ကွဲကွဲအသံဖြင့်ပြောကာ ပြေးထွက်သွားသောသူကြောင့် vitamin အနောက်ကနေအမြန်ပြေးလိုက်လာတော့သည် ။
"အကို အကိုရှိုင်း နေပါဦး"
"Vitamin"
"မမနေရီ "
"အလောတကြီးနဲ့ဘာဖြစ်လို့လဲ "
"ဟို ကျွန်တော်နောက်မှရှင်းပြတော့မယ်ဗျာ "
ပြောရင်းဝရုန်းသုန်းကားပြေးထွက်သွားတဲ့သူကိုကြည့်ကာ နေရီမှာ ကြောင်တောင်တောင်လေးကျန်ခဲ့ရသည် ။
ပြေးထွက်သွားသူမှာခြေလှမ်းတွေက မြန်ဆန်လွန်းလှသည် ။ကြင်နာသူက အနောက်ကပြေးမလိုက်ခဲ့ပါလျှင် အချစ်ဇာတ်လမ်းလေးသည် အထင်လွဲခြင်းဆိုသည့်ခေါင်းစဉ်အောက်မှာ မျက်ရည်တွေနဲ့ ဇာတ်သိမ်းရပေလိမ့်မည် ။ရှိုင်းလမ်းအချိုးအကွေ့မှာ လက်မောင်းကနေဆွဲလှည့်ခြင်းခံရလိုက်သည် ။ ထိုလူသည်အခြားလူမဟုတ် မနက်က အသဲခွဲပြီး ညနေမှာ အနမ်းနုနုပေးခဲ့သော သူတစ်ဖက်သက်ချစ်ခဲ့မိသောသူပင် ။
"ကျွန်တော်ရှင်းပြတာကို နားထောင်ပါဦးအကိုရယ် "
"လွှတ် ! ငါဘာမှနားမထောင်ချင်ဘူး! မင်းကလှေနံနှစ်ဖက်နင်းချင်နေတာလားvitamin!!"
"မဟုတ်ဘူး ကျွန်တော်ပြောတာကိုအရင်နားထောင်ပါ "
"ဘာမှလာမပြောစမ်းနဲ့ လွှတ် ! လွှတ်! ငါ့ကိုလွှတ်လို့ပြောနေတာနော် လွှတ်စမ်း!! "
အတင်းရုန်းနေသောကြောင့် လက်ကောက်ဝတ်ဖြူဖြူလေးမှာ လက်သွယ်သွယ်တွေကြားနီရဲလျက် မျက်ဝန်းလှလှလေးမှာ မျက်ရည်ကြည်တွေက အဆက်မပြတ်ကျဆင်းနေသည် ။
Vitamin ရှိုင်းရဲ့လက်ကိုလွှတ်ကာ ပုခုံးနှစ်ဘက်ကိုစုတ်ကိုင်လိုက်သည် ။
YOU ARE READING
ကိုယ်ရယ်မင်းရယ် ပန်းပိတောက်ရယ်
Short Story"ငါမင်းကို ဘယ်လောက်ချစ်လဲဆိုတာကို ပိတောက်ပန်းဝါဝါတွေကသက်သေတည်လျက်"