"မြူးကြွတဲ့တေးသံပျံ့လွင့်လိုနေ
ကူးပြောင်းစတန်ခူးနွေမှာ............"လမ်းထိပ်ကsoundboxနဲ့ဖွင့်ထားသက်ြန်သီချင်းမှာ တရပ်ကွက်လုံးတင်မက အနီးအနားကရပ်ကွက်တွေအထိ ကြားရလောက်သည်။
"မြူးကြွ.!!!!!!!!"
ဒီတစ်ခါမှာတော့ ဇော်ရှိုင်းထက်တစ်ယောက်နားမခံသာတော့ပြီ မဖွင့်ချင်သောမျက်လုံးတို့ကိုပြူးပြဲပြီးဖွင့်ကာ အိပ်ယာဘေးကနာရီကြည့်လိုက်တော့ ခုဏမဖွင့်ချင်သောမျက်လုံးလေးမှာ ပြူးထွက်သွားတော့သည် ။
" ၉နာရီ ! ငါအဲ့လောက်တောင်အိပ်ပျော်သွားတာလား"
လမ်းထိပ်က soundbox အမှားမဟုတ် အိပ်ယာနောက်ကျနေသောမိမိအပြစ်သာ ..။ လက်ဖဝါးနုနုနဲ့ ကိုယ့်နဖူးကိုယ်ပြန်ရိုက်ကာ ..
"သေစမ်း ဇော်ရှိုင်းထက် မင်းမနေ့က ဘယ်လောက်တောင်သောက်လိုက်တာလဲ..."
"ဟူးးးး"
လေပူတစ်ချက်မှုတ်ထုက်ကာ ဝရံတာဘက်သို့ထွက်လာလိုက်တော့သည် ။ ဝရံတာကနေလှမ်းမြင်နေရသော ပိတောက်ပင်ကြီးမှာ အဖူးတွေက မြိုင်ဆိုင်နေသည် ပိတောက်ဝါဝါတွေပွင့်ရန်အသင့် ဖြစ်နေသည့်နှယ် ..။
ရုတ်တရက် ပိတောက်ပင်အောက်က မြင်ကွင်းက သူ့ကို ကျောမတ်သွားစေသည် ။"မမနေရီ ..vitamin.."
ပိတောက်ပင်အောက်ကပုံရိပ်လေးနှစ်ခုမှာ ဝရံတာက ပုံရိပ်လေးကိုတော့မမြင်သည့်နှယ် ရယ်မောပျော်ရွှင်ကာ ရယ်သံလေးတွေတောင် ဝရံတာက ကောင်လေးကြားရသည့်အထိပင် ။
"ဘာတွေအဲ့လောက်တောင် ရယ်နေကြတာလဲ "
နူတ်ခမ်းဆူကာ မျက်နှာလှလှလေးမှာ မဲ့ကျသွားတော့သည် ။ သေချာပေါက် ထိုမြင်ကွင်းလေးက သူ့အတွက် အတော်လေးစိတ်မသက်မသာဖြစ်စေလှသည် ။ ချာခနဲ့ ကျောခိုင်းကာ အိပ်ယာရှိရာဆီသို့ပြန်လာလိုက်တော့သည် ။
YOU ARE READING
ကိုယ်ရယ်မင်းရယ် ပန်းပိတောက်ရယ်
Short Story"ငါမင်းကို ဘယ်လောက်ချစ်လဲဆိုတာကို ပိတောက်ပန်းဝါဝါတွေကသက်သေတည်လျက်"