13.4.2015 သက်ြန်အကြိုနေ့
ဗွမ်း!
ရုတ်တရက် ရေပက်ခံလိုက်ရတာကြောင့် vitamin စိတ်အတော်ရှုပ်သွားရသည်။
"အကို ရှိုင်းထက်ဘယ်လိုလုပ်လိုက်တာလဲဗျ!"
"ရေပက်လိုက်တာလေ"
တဖက်ကပြန်ဖြေလိုက်သောစကားကြောင့် စိုနေသောရေတွေကိုခါရင်း မျက်စောင်းခဲလိုက်မိတော့သည်။
"ဘယ်လိုလဲ ငါမင်းကို ရေပထမဆုံးရအောင်လောင်းပြမယ်လို့ပြောတယ်လေ အခုနိုင်ပြီမဟုတ်လား"
"ဒါပေမယ့် ကျွန်တော်အခုမှ ပြင်ဆင်ပြီးထွက်လာတာလေဗျာ ! လောင်းချင်ရင်ပြီးမှလောင့်ပါ့လား!"
Vitamin ကို ရှိုင်းသေချာကြည့်မိလိုက်တော့သည် လက်ထဲတွင်လဲ ပန်းပိတောက်ဝါဝါတွေကိုဆုတ်ကိုင်ထားသေးသည် ။
" အမယ် မင်း မမ နေရီ ကို ပိတောက်ပန်း ပေးမလို့လား"
Vitamin မိမိလက်ထဲမှကိုင်ထားတဲ့ ပိတောက်ဝါဝါတွေကို နောက်ပို့ကာ
" အဟမ်း ! မ မဟုတ်ပါဘူး အန်တီတို့ ဖို့ပါ"
"အော် ဟုတ်လား "
" အွန်း ဟုတ် ဟုတ်တယ် အခုတော့ အကိုရှိုင်းကြောင့် အကျီအစို ကြီးနဲ့အိမ်ထဲဝင်ရတော့မှာလေ "
သူခိုးလူမိသောကြောင့် စကားအထစ်ထစ်နဲ့ မိမိကိုပြန်စွာလာသောသူကို ရှိုင်း လက်ထဲကဒန်ဖလားနဲ့ ထုလိုက်ချင်တော့သည်။
YOU ARE READING
ကိုယ်ရယ်မင်းရယ် ပန်းပိတောက်ရယ်
Short Story"ငါမင်းကို ဘယ်လောက်ချစ်လဲဆိုတာကို ပိတောက်ပန်းဝါဝါတွေကသက်သေတည်လျက်"