𝐏𝐚𝐫𝐭 - 4

235 34 2
                                    

" ကလေးတွေရေ ထမင်းစားကြမယ်လေ "

အဖွားရဲ့အသံကြောင့် ဝန်ဘင်းနိုးလာပြီး မျက်လုံးကိုလက်နဲ့ပွတ်လိုက်ကာ အမြင်အာရုံကိုရှင်းလိုက်သည် ။ ရင်ခွင်ထဲကလူကိုကြည့်လိုက်တော့ အခုထိတိုင်သူ့ကိုဖက်ပြီးအိပ်ပျော်နေဆဲ။

" တကယ်ပါဘဲ တစ်ခါလေးဖျားတာနဲ့ လူကိုအသားယူနေတော့တာဘဲ "

နှုတ်မှရေရွတ်ရင်း လက်ကလည်း နဖူးကိုစမ်းကြည့်လိုက်သည် ။ မနက်ကလောက်တော့ အပူမကြီးတော့ပေမယ့် အဖျားကတော့ကျန်နေသေးသည် ။ တော်သေးတာပေါ့ ဒီထပ်ပိုအဖျားကြီးလာရင် သူလည်း လုပ်ပေးနိုင်တော့တာမရှိလို့ နီးစပ်ရာဆေးရုံကိုပို့ပေးဖို့သာတတ်နိုင်သည် ။

သူ့ခါးပေါ်ကလက်တွေကိုအသာဖယ်ချရင်း စောင်ကိုပခုံးထိဆွဲခြုံပေးလိုက်ကာ အဖွားကိုလိုအပ်တာလေးတွေကူလုပ်ပေးဖို့ထွက်လာလိုက်သည် ။ အပြင်ရောက်တော့ အဖွားက ထမင်းပွဲပြင်ပြီးပြီဖြစ်တာကြောင့်

" အဖွား အားနာလိုက်တာ သက်သက်မဲ့လာပြီးဒုက္ခပေးသလိုဖြစ်နေပြီ "

သူပြောလိုက်တော့ အဖွားက ဇွန်းတွေချပေးရာကနေ သူ့က်ိုကြည့်ကာ

" မလိုပါဘူးကွယ် အဖွားကသာ မင်းကိုလွမ်းနေတာ မကြာမကြာ အားတာနဲ့လာလည်ပါကွယ် အဖွားကမင်းကိုအမြဲသတိရနေတာ "

" ဟုတ်ကဲ့ ကျွန်တော်အချိန်ရတာနဲ့လာလည်ပါ့မယ် "

" ဒါနဲ့ ဟိုလူငယ်လေးရော နေမကောင်းဘူးလား ခုနကကြည့်ရတာတော့ ဖျားနေတယ်ထင်တယ် "

" ဟုတ်ကဲ့ ညထဲကဖျားနေတာထင်တယ် ကျွန်တော်လည်းမနက်ကမှသိတာ "

" သက်သာရဲ့လား ဆေးရုံသွားကြပါလား "

အဖွားကိုကြည့်ရတာတကယ်စိတ်ပူနေတဲ့ပုံမို့

" အရမ်းကြီးတော့မဆိုးပါဘူး နည်းနည်းပင်ပန်းသွားလို့ဖြစ်ပါလိမ့်မယ် ဒါပေမယ့် ခဏနေနိုးလာလို့မသက်သာရင်တော့ ဆေးရုံသွားလိုက်ပါ့မယ် "

တကယ်လည်း မနက်ထဲက အဲ့လိုစဉ်းစားထားပြီးသားမို့ ပြန်ဖြေလိုက်သည် ။

အဖွားနဲ့စကားပြောနေတုန်း အခန်းထဲကထွက်လာတဲ့သူကြောင့်

" နိုးပြီလား အဆင်ပြေရဲ့လား "

𝐋𝐎𝐕𝐈𝐍𝐆  𝐚𝐧𝐝  𝐅𝐈𝐆𝐇𝐓𝐈𝐍𝐆Where stories live. Discover now