ဆောင်းရဲ့အငွေ့အသက်တို့ပြည့်နေတဲ့ မနက်ခင်း။
ဝရံတာလက်တန်းပေါ်လက်တင်ကာ ကော်ဖီတစ်ခွက်ကိုကိုင်ထားရင်း ပျားပန်းခတ်အလုပ်ရှုပ်နေတဲ့ခြံထဲကအလုပ်သမားတွေကိုကြည့်နေမိသည်။
ဒီနေ့ကမာမီ့နှစ်ပတ်လည်နေ့ဖြစ်တာကြောင့် အိမ်ထဲမှာရောခြံထဲမှာပါ မာ့မီရဲ့လွမ်းဆွတ်တမ်းတအခမ်းအနားအတွက်အလုပ်ရှုပ်နေကြသည်လေ။
အငွေ့တထောင်းထောင်းထနေတဲ့ကော်ဖီခွက်ကိုလက်နှစ်ဖက်နှင့်ဆုပ်ကိုင်ထားပြီး သက်ပြင်းတစ်ခုချလိုက်သည်။
လက်ကနာရီကိုပြန်ကြည့်မိတော့ ကုမ္ပဏီသွားရမဲ့အချိန်ဖြစ်နေပြီးမို့ ကော်ဖီခွက်ကို ဘေးကစားပွဲလေးပေါ်တင်ရင်းဘောင်းဘီအိတ်ထဲလက်ထည့်ကာ အခန်းထဲကထွက်လာခဲ့လိုက်သည်။
လှေကားကိုတစ်ထစ်ချင်းဆင်းလာရာ အလယ်နားအရောက် အပေါ်ထပ်ကဆင်းလာတဲ့သူ့အသံကိုကြား၍ထင်သည် သူရှိရာနေရာသ်ို့လှမ်းကြည့်ရင်း နှုတ်ခမ်းနီကို နီရဲနေအောင်ဆိုးထားတဲ့နှုတ်ခမ်းကိုမဲ့ပစ်လိုက်သည့် အမျိုးသမီး။
ထိုအမျိုးသမီးဘေးမှာထိုင်နေတဲ့ သူ့ထက်2လသာငယ်သည့်ညီဟုမသတ်မှတ်ထားသော ဖအေတူမအေကွဲ ထယ်ယောင်း။
အရယ်အပြုံးမရှိလှေကားမှတစ်လှမ်းချင်းဆင်းလာတဲ့ခြေလှမ်းများက လှေကားရင်းကိုရောက်သည်နဲ့ ခပ်ဖြေးဖြေးဘဲဒယ်ဒီဆီသို့လျှောက်သွားကာ ဒယ်ဒီရှေ့ဝင်ထိုင်လိုက်သည်။
"ဒယ်ဒီ"
သူခေါ်တော့သတင်းစာဖတ်နေရာက သူ့ကိုမျက်လုံးလှန်ကြည့်လာသည့်ဒယ်ဒီက ဘာပြောမလို့လဲဆိုသည့်အမူအရာနှင့်။
"ကျွန်တော်ပြောစရာရှိတယ်"
လက်ချောင်းများကိုအချင်းချင်းယှက်ကိုင်ရင်း ပုံမှန်လေသံနှင့်ပြောလိုက်တော့ သူ့စကားကိုအလေးအနက်ထားဟန် ဖတ်နေစသတင်းစာကိုရှေ့ကစားပွဲပေါ်တင်ရင်းက သူ့ကိုပြန်ကြည့်လာသည်။
"ကျွန်တော် လူတစ်ယောက်ကိုလိုချင်တယ်"
သူ့အပြောကြောင့်ဒယ်ဒီကအနည်းငယ်အံ့ဩနေဟန်။
သူတစ်ခါမှ ဒယ်ဒီဆီကနေဘာဆိုဘာမှမတောင်းဆိုခဲ့ဖူးချေ။ပထမဆုံးတောင်းဆိုလိုက်တဲ့အရာကလည်း လူတစ်ယောက်ဆိုတော့ ဒယ်ဒီအံ့ဩတာဖြစ်သင့်ပါတယ်။
YOU ARE READING
𝐋𝐎𝐕𝐈𝐍𝐆 𝐚𝐧𝐝 𝐅𝐈𝐆𝐇𝐓𝐈𝐍𝐆
Fanfic" အလိုလိုက်ခံရတဲ့ကလေး ဆိုးတာပုံမှန်ဘဲမဟုတ်လားမောင် .. ငါကလေ မောင်ချစ်မှန်း အလိုလိုက်မှန်းသိလို့ဆိုးနေတဲ့ ကလေးသာသာပါဘဲ " 𝐖𝐨𝐧𝐁𝐢𝐧 ... " မောင် မင်းအပေါ်သေလောက်အောင်ချစ်သလောက် မင်းကလည်း မောင်မသေမချင်းနှိပ်စက်မှာမဟုတ်လား အချစ် ... မောင် အရမ်းပင်ပန်း...