𝐏𝐚𝐫𝐭 - 3

331 43 0
                                        

" ကိုကို .. ကိုကို .. ကိုကို .. "

စားပွဲကိုတစ်ဒေါက်ဒေါက်ခေါက်ရင်း ကိုယ့်တစ်ကိုယ်စာကြားရုံမျှရေရွတ်ပြီးပြုံးမိသည်။

တကယ်တော့ ငယ်ငယ်လေးတည်းကနူးနူးညံ့ညံ့မနေခဲ့ရဘဲနွေးထွေးမှုတို့အလျဉ်းမရှိတဲ့မိသားစုမှာနေခဲ့ရတာကြောင့် ဒီလိုအခေါ်အဝေါ်က သူ့အတွက်သက်တောင့်သက်သာမရှိလှပါ။ ခေါ်ဖို့ရာလည်းတော်တော်ကိုခဲယဉ်းလှသည်။ ဒါကြောင့်ဘဲ ဘင်းကိုစသိတုန်းထဲကတိုင် သူ့ကိုယ်ပိုင်နာမည်လေးအဖြစ်ထားရှိခဲ့သည့် အမှတ်အသားလေးက ဘင်းဟူ၍ပင်။

သို့ပေမယ့် ကြင်နာသူကိုယ်တိုင်ပထမဆုံးအကြိမ်ဖြင့် သူ့ကိုပေးသနားသည့်နာမ်စားလေးဖြစ်တာကြောင့် အဖိုးတန်မှုတ်ို့နှင့်အတူ ကြည်နူးခြင်းတို့သည်လဲ ပြောမပြနိုင်သည်အထိ။

ဒေါက် ဒေါက် ဒေါက်

ခပ်ဖွဖွတံခါးခေါက်သံသုံးချက်ထွက်လာတာကြောင့် အတွေးတွေကိုလက်စသတ်ပြီး ပြန်ဖြေလိုက်သည်။

" ဝင်ခဲ့ပါ "

ပြန်ဖြေလိုက်သည်နှင့် တံခါးပွင့်လာပြီး အခန်းထဲဝင်လာသူက ဆောင်ချန်းဟျောင်း ။

သူပြုံးပြလိုက်တော့ ဘောင်းဘီအိတ်ထဲလက်ထည့်ရင်းဝင်လာတဲ့ ဟျောင်းကလည်းသူ့ကိုပြန်ပြုံးပြလာသည်။

" ချန်းယောင်း ပျော်စရာကိစ္စရှိလို့လား "

သူ့ပုံကဒီလောက်တောင်သိသာနေလို့လားဆိုသည့်အတွေးနှင့်အတူ ဟျောင်းဆီကတည့်တိုးမေးခံလိုက်ရတာကြောင့် မျက်နှာထက်အပူလှိုင်းလေးဖြတ်ပြေးသွားရသည်။

" ကျွန်တော် .. "

ဆက်ပြောမည့်စကားတို့က နှလုံးသားရဲ့တုန်လှုပ်မှုကြောင့် လည်ချောင်းထဲမှာတင်တစ်နေခဲ့သည်။ များစွာသောအခက်အခဲတွေကြုံရမယ်လို့တွေးထားပြီး စိတ်ကိုအဆင်သင့်ပြင်ထားရင်းက ဘင်းကသူ့ကိုအချိန်တိုလေးအတွင်းလက်ခံလိုက်သည်မဟုတ်လား ။

ဒီအကြောင်းကို တခြားတစ်ယောက် ပြောရရင်သူ့အစ်ကိုပြန်ပြောပြဖို့ကိုတောင် အပျော်လွန်ပြီးတုန်လှုပ်နေရသည်။ ပွင့်အံထွက်လာတဲ့ပျော်ရွှင်မှုများဆီမှတစ်ဆင့် ဝမ်းနည်းခြင်းများကပါရောထွေးလာခဲ့သည်က ခံစားချက်တွေပြင်းထန်သွားလို့နှင့်တူပါသည်။

𝐋𝐎𝐕𝐈𝐍𝐆  𝐚𝐧𝐝  𝐅𝐈𝐆𝐇𝐓𝐈𝐍𝐆Where stories live. Discover now