" မတွေ့တာကြာပြီ ငါ့ကောင်ကြီးရာ အဆင်ပြေရဲ့လား "
တွေ့တာနဲ့ ဖက်လှဲတကင်းနှုတ်ဆက်လာတဲ့ ဆွန်းဟန်က ကြားထဲအဆက်အသွယ်သိပ်မရှိသည့်တိုင် သူ့အပေါ်အရင်လိုရင်းနှီးမြဲ။
" ဒါပေါ့ မင်းရော အဆင်ပြေရဲ့လား "
" ပြေပါတယ်ကွာ "
" မင်းကို surprise တိုက်မလို့စီစဉ်ထားကာမှ mallတစ်ခုမှာ ဆောင်ချန်းဟျောင်းနဲ့တွေ့သွားလို့လေ "
အရယ်တစ်ပိုင်းနဲ့ပြောလာတဲ့ ဆွန်းဟန်ကသူ့ထက်နည်းနည်းကြီးပေမယ့် တော်တော်လေးရင်းနှီးတဲ့လူတွေဖြစ်တဲ့အပြင် သူနဲ့ပေါင်းလို့ရတဲ့တစ်ဦးတညိးသောသူမို့ ပေါ့ပေါ့ပါးပါးသာပြောဆိုကြသည်။
" ထိုင်လေ "
ဧည့်ခန်းကခုံပေါ်ကို ညွှန်ပြတော့ ဝင်ထိုင်တဲ့ ဆွန်းဟန်က သူ့ကိုလေးလေးနက်နက်ကြည့်လာသည် ။
" ချန်းယောင်း မင်းအဆင်ပြေရဲ့လား "
ကြည့်ရတာ ဟျောင်းက သူ့အကြောင်းပြောပြထားသည် ထင်သည် ။ ဆွန်းဟန်နဲ့သူဘယ်လောက်ရင်းနှီးလဲ သိသည့်တိုင် ဟျောင်းကလည်း ဆွန်းဟန်အပေါ်စိတ်ချသည်မို့ ဒီလိုမေးပုံထောက်တော့ သူနဲ့ဘင်းအကြောင်း ဆွန်းဟန်သိသွားသည်မှာ သေချာသည် ။
ဘယ်လိုပြန်ဖြေရမှန်းမသ်ိသည်မို့ ပြုံးရုံသာပြုံးပြမိတော့ ဆွန်းဟန်က စိတ်မကောင်းစွာကြည့်လာသည်။
" ဒါနဲ့ နောက်နေ့ကျရင် ငါ့ကောင်လေးနဲ့မင်းကိုမိတ်ဆက်ပေးမယ် "
စကားလမ်းကြောင်းလွှဲသွားတဲ့ ဆွန်းဟန်က ရယ်ရယ်မောမောဖြင့်ပြောနေပေမယ့် သူကတော့ အံ့ဩနေရသည်။ ပြောရရင် ဆွန်းဟန်က လူဂွစာဖြစ်ပြီး ပေါင်းသင်းရတာ လက်ပေါက်ကပ်သည်။ ဒါကြောင့်လည်း သူနဲ့ပေါင်းဖြစ်တာဖြစ်ပြီး နှစ်ယောက်သားရဲ့အကျင့်က အပြင်ပိုင်းကနေကြည့်ရင်သာဆန့်ကျင်ဘက်ပေမယ့် တကယ်တမ်းပေါင်းကြည့်မှ စိတ်ချင်းလည်းတော်တော်တူသည် ။ ပိုပြီးတူတဲ့အချက်ကတော့ နှစ်ယောက်လုံးက ဇီဇာကြောင်ခြင်းပင်ဖြစ်သည် ။
" ကောင်လေး ? "
" ??? "
သူ့နည်းတူ ဘေးကနေဘာမှဝင်မပြောဘဲ ထိုင်နေတဲ့ ဆောင်ချန်းဟျောင်းကလည်း အံ့ဩနေဟန်။
YOU ARE READING
𝐋𝐎𝐕𝐈𝐍𝐆 𝐚𝐧𝐝 𝐅𝐈𝐆𝐇𝐓𝐈𝐍𝐆
Fiksi Penggemar" အလိုလိုက်ခံရတဲ့ကလေး ဆိုးတာပုံမှန်ဘဲမဟုတ်လားမောင် .. ငါကလေ မောင်ချစ်မှန်း အလိုလိုက်မှန်းသိလို့ဆိုးနေတဲ့ ကလေးသာသာပါဘဲ " 𝐖𝐨𝐧𝐁𝐢𝐧 ... " မောင် မင်းအပေါ်သေလောက်အောင်ချစ်သလောက် မင်းကလည်း မောင်မသေမချင်းနှိပ်စက်မှာမဟုတ်လား အချစ် ... မောင် အရမ်းပင်ပန်း...