Unicode
အပိုင်း (၂)
.
.
.
.
.
.မနက်မိုးလင်းချိန်ပင် Yuji တစ်ယောက်အိပ်ရေးမဝခဲ့သလိုပင် ဖြစ်နေသည်....
"အိုး!! Gojo Satoru!!"
အခန်းတံခါးရှေ့တွင်ရပ်နေသော Gojo Satoru ကိုတွေ့လိုက်ရခြင်းပေ၊ ဒီနေ့ Gojo တစ်ယောက် တစ်ခုခုပြောင်းလဲနေသလိုပင်.....
တစ်ခြားဟာမဟုတ် အင်္ကျီပင် အရင်လို အနက်ရောင် မဟုတ်ဘဲ အင်္ကျီအဖြူလက်ရှည် ဘောင်းဘီအနက်ရောင်ရှည်နှင့်ပင် အလွန်ကြည့်ကောင်းနေသည် သေချာတာက အပြင်ထွက်ရင် ကောင်မလေးတွေ သေငမ်းတာခံရမှပင်.....
"အင်း မင်းကို အပြင်သွားမို့လာခေါ်တာ ဒါနဲ့ မင်းကိုကြည့်ရတာ ညက အိပ်ရေးမဝထားသလိုဘဲ"
"ဟမ် အိပ်ရေးဝပါတယ် ညက အိပ်ရာဝင်နောက်ကျရုံပါဘဲ"
"အော် ဟုတ်ပါပြီး megumiများ ညက မင်းဆီလာလို့ အိပ်ရေးမဝဘူးထင်နေတာ"
"မဟုတ်ပါဘူး အပြင်ထွက်မယ်မလား ဒါဆိုခနစောင့် အင်္ကျီသွားလဲအုံးမယ်"
အပြင်ပင်ရောက်လာတော့ ထင်တဲ့အတိုင်းပါဘဲ Gojo တစ်ယောက် မိန်းကလေးတွေ ငမ်းတာခံနေရပြန်သည် megumi ကလည်း အိမ်သာပင်သွားတာ ပြန်တောင်မလာသေးပေ။
Yuji စိတ်ထဲတွင်ညက အဖြစ်အပျက်ကိုသာတွေးနေမိပြန်သည်၊ ညက ထိုညက ထိုစကား ထိုလူ ထိုလူရီသံ Yuji နားထဲကြားယောင်နေမိသေးချေ။
အချိန်ည (၂)နာရီ
.
.
.
.Yuji တစ်ယောက် ညဘက် ရေဆာလာသောကြောင့် တစ်ရေးနိုးလာတော့သည်၊ အိပ်ရာပေါ်ကဆင်းကာ မီးဖိုချောင်ဘက်သို့ ခြေလှမ်းများ......
Yuji၏ ရေဆာနေသည့် စိတ်ကို ပျောက်ရန် နှစ်ခွက်လောက်သောက်လိုက်ပြီ ဆက်အိပ်ရန်အခန်းထဲပြန်လာခဲ့သည် အခန်းထဲရောက်ချိန် မြင်လိုက်ရတဲ့အရာကြောင့် Yuji တစ်ယောက် တုန်လှုပ်သွားရပြန်သည်။
"အား!!!! သရဲ! သရဲ!!!"
Yuji ၏အိပ်ရာပေါ်တွင်အမည်မသိ မိန်းကလေးတစ်ဦး ဒီချိန်ကြီး အခန်းထဲဝင်လာနိုင်တာ သရဲဘဲ ရှိနိုင်မည်မလား!??...
" ကိုကိုကလည်း ဒီလောက်လှတာကို သရဲတဲ့လား ဟွန့်"
ထိုမိန်းကလေးဆိုသည့် စကားကြားတာနှင့် Yuji အလန့်တစ်ကြား မျက်လုံးကို လက်နှင့် ကာထားမိသည့်ကို ဖြုတ်ချလိုက်သည်
YOU ARE READING
The love of the hater (U+Z)
Fanfic* The love of the hater* #BL_FIC #SUKUNA x MEUMI #Myanmar_fic #kyal sin #Van