The love of the harer(U+Z)

232 19 3
                                    

U
.
.
.
.
.
.
.
ဒီရက်ပိုင်း Sukuna နဲ့သိပ့်မတွေ့ဖြစ်ကြဘူး။ရှောင်နေမိတယ်လို့ပြောရင် ပိုမှန်မလား။သူ့စကားလုံးကြမ်းကြမ်းတွေကြောင့်လားမသိ ကျွန်တော်သူနဲ့ မျက်နှာချင်းတောင်မဆိုင်ချင်ဘူး။

Gojo ကလည်း ခရီနှစ်ပတ်လောက်သွားစရာရှိတယ်ဆိုပြီး မခေါ်ဘဲထားခဲ့တာ။Gojo မရှိတော့ အဆောင်မှာ သူနဲ့ ကျွန်တော်ဘဲကျန်ခဲ့တာမို့ ပိုတောင်ရှောင်ဖြစ်သေးတယ်။ ဒါပေ့မဲ့နောက်တစ်ပတ်နေဆို Yuji အပေးအယူသတ်မှတ်ချိန်ပြည့်ပြီဘဲ။ ဒါပေ့မဲ့စိတ်ထဲတစ်မျိုးတော့ဖြစ်မိတယ်။ သေချာတာတော့ Yuji ကိုပြန်တွေ့ရမယ်ဆိုတဲ့အတွေးနဲ့ စိတ်ကိုမသိချင်ယောင်ဆောင်ပြစ်လိုက်တယ်။

" ဆက်မတွေးတာကောင်းပါတယ်။မိုးတွေရွာနေတော့ coffee သောက်ချင်လာတယ်။ အခန်းထဲကထွက်ရင် သူနဲ့ မတွေ့လောက်ပါဘူးနော်။"

ထိုသို့ အခန်းပြင်ထွက်ကာ ဟိုကြည့်ဒီကြည့် သေချာလိုက်ကြည့်တော့ Sukuna ၏အရိပ်အရောင်တောင်မတွေ့ရ။ မီးဖိုချောင်သေချာကြည့်တော့လည်း သူမရှိတာကြောင့် သက်ပြင်းချကာ coffee သောက်ရန် coffee ပတ်ရှာရပြန်သည်။

Coffee ရှာတွေ့ပေ့မဲ့ အခွံသာ။ မိုးရွာနေချိန် coffee ပူပူလေးမသောက်ရမနေနိုင်တာကြောင့် ထွက်ဝယ်ရန်ပြင်ရသည်။ အခန်းထဲဝင်ပြီး မိုးကာအင်္ကျီ လေးဝတ်၍ အပြင်ထွက်လာလိုက်သည်။

မိုးအေးအေး မြေသင်းရနံ လေးတွေ နှာခေါင်းကိုလာရိုက်ခတ်နေသပင်။ coffee ဆိုင်လေးနဲ့တော့ နည်းနည်းဝေးတယ်ဘဲပြောရမလိုပင်။ ကားလမ်းမ ထက်တွေ ကားများပိတ်နေသလို အော်သံ ငိုသံ ရယ်သံ ကြားရပေ့မဲ့ နည်းနည်းသာ မိုးအသံက ထိုသံတွေကို လွှမ်းခြုံထားသည်ပင်။

"မိုးကအရမ်းရွာတာဘဲ အမ်း coffee ဆိုင်ဘဲ"

ခန့်လှမ်းလှမ်းက coffee ဆ်ိုင်ထဲအပြေးဝင်သွားလိုက်သည်။ အနောက်ကနေ ရပ်ကြည့်နေသည့် လူကို Megumi မတွေ့လိုက်ရချေ။

သောက်လိုက်မိတော့ နှစ်ခွက်တောင် ကောင်းကင်ကြီးက မိုးလေး တိတ်သလို မတိတ်သလို မှောင်စပြုလာတော့ အိမ်သာ ခန့်မြန်မြန်ပြန်ရန်လုပ်ရသည်။မိုးရွာနေချိန် လမ်းလျှောက်ရတာကြိုက်တော့ လမ်းလျှောက်သာပြန်ခဲ့ခြင်းပေ။

 The love of the hater (U+Z)Where stories live. Discover now