The love of the hater(U+Z)

339 25 3
                                    

Unicode

Part-5 (အပိုင်း၅)
.
.
.
.
.
.
ဒီညသည် Sukuna အတွက် အိပ်မပျော်နိုင်သည့်ညပင် ဒီည megumi ကိုနမ်းခဲ့မိသည့်အကြောင်းတွေးနေမိသည်။ရင်လည်းခုန်သည် မခံစားဖူးသည့် ခံစားချက်လည်းရသည် ဒါက ချစ်မိသွားတာလားဆိုတာကို သူကိုယ်တိုင် အဖြေရှာချင်မိသည်။ megumi ဆီသွားပြီ အဖြေရှာကြည့်ချင်သည့် စိတ်သည် သူ့စိတ်ကို စိုးမိုးနေလေ့ပေ။

"ချီးဘဲကွာ၊ ငါ့ရန်သူကို ငါတစ်ချိန်လုံးသတ်ချင်မိတဲ့သူကို ချစ်မိစရာလား ဒါ ငါ့ First kiss ပါသွားလို့ ဒီတိုင်းရင်ခုန်တာ ဖြစ်နိုင်တာဘဲ"

Sukunaထိုသို့ပြောပေမဲ့ သူ၏စိတ်သည် megumi ဆီသာရောက်နေမိသည်။သူအခန်းထဲမဝင်ခင်က သူ့ First kiss ပါသွားလို့ဆိုပြီ ဆဲကာ ကလေးတစ်ယောက်လိုငိုနေတာတောင်သတိရမိသည်။ 'ဒါမျိုးလေးကျ ချစ်ဖို့ကောင်းသား'ဟု တွေးကောင်းတွေးမိလေသည်။စိတ်ကတော့ သူဆီသာရောက်နေလေပင် 'အခုလောက်ဆို သူအိပ်နေလောက်သလား' ဟု မေးခွန်းများစွာ မေးနေမိချေ။


"ကျစ်! ငါဂေးသွားတာလား၊ ဘာလို့ သူ့ကိုဘဲတွေးနေမိတာလဲ အချစ်မိသွားတာလား၊ ဟေ့! ယောကျာ်းချင်းကြီး မဖြစ်ဘူး တစ်ခြားသူတွေသိရင် ငါ့ကိုဂေးလို့ထင်ကြတော့မှာဘဲ၊ မတွေးတာဘဲကောင်းတယ် အိပ်သင့်ပြီ ငါအိပ်ရမယ်ဟုတ်တယ်မတွေးဘဲအိပ်ရမယ်"


မတွေးမိရန်အိပ်ဖို့သာပြင်လိုက်သည် yuji တစ်ယောက်တော့ သူ့ကိုကျိန်ဆဲနေလောက်သည်၊ သူ့ခန္ဓာကိုယ်မို့ သူ့ First kiss ပါပေးလိုက်ရတာကိုသိရင် Sukuna ကျိန်စာလက်ချောင်းတွေပြန်အန်ထုတ်ပြီး နှင်ထုတ်နိုင်လောက်သည်၊ ဘာမှမတွေးဘဲ အိပ်စက်ပြစ်လိုက်လေပင်၊


မနက်မိုးသောက် ရောင်နီလင်းပြီး မြူမှုန်လွှမ်းခြုံမြက်ခင်းစိမ်းပေါ်တွင် သံသာဟစ်ကြွေးငှက် ကျေးငှက်ပေါင်းစုံ အသံ မျက်မှာပေါ် ထိုးကျရောက်လာသော နေရောင်ကြောင့် ကောင်းကောင်းနိုးထလာသည့် ကောင်လေးတစ်ယောက် ပင်။ ညက ငိုထားမိသည့်မို့ မျက်လုံးလေး နည်းနည်းဖူးရောင်နေသလိုပင်။အိပ်ချင်းမူးတူးရင်းညကဖြစ်ခဲ့တဲ့ အကြောင်းရုတ်တရက်ဆိုသလိုတွေးမိသောကြောင့် ချက်ချင်းဆိုသလိုပင် ခရမ်းချဉ်သီးလိုနီရဲလာ၍ အိပ်ချင်းမူးတူးနေသည့်တောင်ပျောက်သွားလေသည်။


 The love of the hater (U+Z)Where stories live. Discover now