Part-4 first kiss

327 21 7
                                    

Unicode

Part-4 
.
.
.
.

"Yuji!!!"

Megumi ၏အော်သံအဆုံး ကျိန်စာကောင်အားထိုးဖောက်ထွက်လာသောသူ.....?

"ဟားဟားဟား ငါ့ကိုစားချင်တယ်ပေါ့ အခါ  100 သေသွားမယ်! ငါ့ကိုတော့ ဘယ်တော့မှာ စားရမယ်မထင်နဲ့ကွာ!!"

ကျိန်စာကောင်ကိုခြေတောက်ဖြင့်ကန်ကာ တစ်ဟားဟားရယ်နေသောသူ ထိုလူ ထိုလူကို megumi မြင်သည့်နှင့်သိသွားခြင်းပင်။

"Sukuna!?"

Sukuna သည်သူ့အမည်ခေါ်သံကြားရာဘက်ကို လှည့်ကြည့်မိသည် megumi မြင်တော့ သူ၏ အပြုံးသည် ပိုကြောက်စရာကောင်းလာတော့သည် megumi ရှိရာဘက်ကို တစ်လှမ်းပြီးတစ်လှမ်း......

"Megumi~~ မတွေ့ရတာကြာပြီဘဲ တွေ့ရတာ ဝမ်းနည်းစရာဘဲ...."

"အဲတာ မင်းစောက်ကြောင်းပါ ဘာလဲ ငါ့ကို တိုက်ခိုက်ချင်လို့လား?"

"အစကတော့မတိုက်ခိုက်ချင်ပါဘူး ဘယ်လိုလုပ်မလဲအခုတော့ ဆန့်ကျင်ဘက်!"

ထိုသို့ပြောပြီး megumiဆီသို့ အရှိန်နှင့်ပြေးလာကာ စသည် တိုက်ခိုက်ပါတော့ပေ။ megumi၏ တိုက်ခိုက်စွမ်းရည်သည် Sukuna တိုက်ခိုက်စွမ်းရည်၏ သုံးပုံမှ တစ်ပုံသာရှိသည့်မို့ megumi ဒူးထောက်ရက်ဖြစ်သွားလေသည်။

မောရုံမက အနည်းငယ်ထိနာသွားသောဝမ်းဗိုက်ကြောင့် ဒူးထောက်ရက်သာ နေမိပင် ထိုချိန် Sukuna သည် megumiလို ဒူးထောက်ထိုင်လိုက်သည် Sukuna၏ လေရှူထုတ်လိုက်တိုင်း megumi ၏မျက်နှာကိုလာရိုက်ခက်တဲ့အထိပင် နီးကပ်လွန်းနေသည်။

"မင်းအလှည့်ဘဲ! Megumi မင်းသေပေတော့!"

ထိုသိုဆိုကာ Sukuna၏ ဘယ်လက်၌ အနက်ရောင် လက်သည်းနှင့် megumi၏ နှလုံးတည်ရှိရာ ကိုထိုးရန် ချိန်ရွယ်လိုက်သည်။

Megumiသည် အခုချိန် ဘာမှ ပြန်မလုပ်နိုင်တော့သောကြောင့် မျက်လုံး စုံကိုအတက်းမှိတ်၍သာနေမိတော့သည် မထင်ထားတဲ့အရာတစ်ခု နှလုံးကိုထိုးဖောက်သွားတဲ့ နာကျင်မှုလည်းမရ ဒါပေ့မဲ့ နှုတ်ခမ်းပေါ်.............?

နူးညံ့စွာနှင့်မတူ ပူပူနွေးနွေးလေးအရာတစ်ခု နှုတ်ခမ်းပေါ်ကျရောက်နေခဲ့သည် megumiလည်းအလန့်တစ်ကြားဖြစ်သွားပြီး အတင်းမှိတ်ထားသည့် မျက်လုံးကိုဖွင့်လိုက်မိသည်

 The love of the hater (U+Z)Where stories live. Discover now