အပိုင်း ၁

1.4K 110 6
                                    

"အခုမြင်တွေ့နေရတာတော့ မြန်မာနိုင်ငံ ရှေးဟောင်းသုသေသန အသင်းချုပ်ကနေ တူးဖော်ရရှိခဲ့တဲ့ ရှေးဟောင်းသေတ္တာတစ်လုံးဖြစ်ပါတယ်၊ အသံစနစ်ကို အဓိကထားပြီး ဖန်တီးထားတဲ့ ဒီသေတ္တာဟာ ဆိုရင်တော့ဖြင့် ပညာရှင်များအဆိုအရ နှစ်ပေါင်း ၃၀၀၀နီးပါး ရှိနေပြီဖြစ်ပါတယ်၊ ကာလဒေသ အပြောင်းအလဲ ကြာမြင့်မှုကြောင့် ပျက်စီးယိုယွင်းနေပေမယ့် မြေအောက်လိုင်းကို ဆက်လက်တူးဖော်ပါက သေတ္တာရွေ့လျားရာ အောက်ခံလမ်းကြောင်းကို ရှာဖွေတွေ့ရှိနိုင်တယ်လို့ ဆိုပါတယ်၊ ဒီသေတ္တာအကြောင်း အသေးစိတ်ကိုတော့ မကြာခင်မှာပဲ ရှေးဟောင်းသုသေသန အဖွဲ့ချုပ်က ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်"

တူးဖော်လက်စ မြေနား ဝန်းကျင်တွင် အတားအစီးများ ပြုလုပ်ထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှအပ မဝင်ရဆိုသည့် ဆိုင်းဘုတ်များ တပ်ထားလေသည်။ ကားတစ်စီးက အရှိန်မြင့်စွာ မောင်းနှင်လာပြီး ထိုနားဝန်းကျင်တွင် ထိုးရပ်လိုက်သည်။ ကားပေါ်က ဆင်းလာသည့် ခြေတံရှည်များမှာ သွယ်လျပြီး ဘွတ်ဖိနပ်အရှည်ကို ဝတ်ဆင်ထား၏။

အပြာရောင် ရှပ်အင်္ကျီလက်ရှည်ကို ကြယ်သီးအပြည့်တပ်ထားကာ လက်ဆွဲအိတ်တစ်လုံးဖြင့် ဆင်းလာသူမှာ ရှေးသုဒေါက်တာဘွဲ့ရ နေသျှံသိုက်ပင် ဖြစ်လေသည်။ သူက တပ်ထားသည့် မျက်မှန်ဝိုင်းကို ပင့်တင်လိုက်ကာ အသင်းဝင်ကတ်ပြားအား ရဲများထံသို့ ပြလိုက်လေသည်။

"ဆရာလေးနေသျှံ ဝင်ပါဗျ၊ ပါမောက္ခက ပြောထားပြီးပါပြီ"

သူက ခေါင်းညိတ်ပြလိုက်ကာ ခပ်သုတ်သုတ်ပဲ တူးဖော်လက်စ မြေအကြွင်းအကျန်များဆီသို့ သွားလိုက်သည်။

"အောက်ခံ ဝန်ရိုးတွေက ပျက်စီးနှင့်နေပြီ၊ သေတ္တာရွေ့လျားလမ်းကြောင်းကို ရှာဖို့ အင်မတန်ခက်သွားပြီ"

သူ့နားသို့ ရောက်လာသူက သူနှင့်အဖွဲ့အစည်းတစ်ခုထဲမှာ အလုပ်လုပ်နေသည့် မြတ်သွန်းကြွေဆိုသည့် မိန်းကလေးပင်။ အများစုက သူ့ကို ကြွေဟု ခေါ်လေ့ရှိကြပြီး သွက်လက်ထက်မြက်သည့် မိန်းကလေးပင်။

နေသျှံက ခေါင်းညိတ်ကာ လက်အိတ်စွပ်လိုက်ပြီး ဘေးမှာ ရှိသည့် သေတ္တာကို ထိကြည့်လိုက်သည်။ သူ၏ မျက်ခုံးများမှာတွန့်ချိုးနေပြီး ကပ်နေသည့် မြေခဲများကို အသာဖယ်ရှားနေလေသည်။

5.နောက်ပြန်သက္ကရာဇ်Where stories live. Discover now