{1}

1.7K 94 0
                                    

" ဂျောင်ဟန် "

"အေးပြောသူငယ်ချင်း"

ခပ်ပြုံးပြုံးပင်ဆိုလာတဲ့ သူငယ်ချင်းဖြစ်သူကိုကြည့်ပြီး သူ့ရဲ့ဝမ်းနည်းမှုကကြီးစိုးလာသည်။ တစ်ယောက်ထဲရှိတဲ့ ဒီသူငယ်ချင်းလေးကို ဘာလို့ စိတ်ဆင်းရဲစေခဲ့တာပါလိမ့်။

" ငါတောင်းပန်ပါတယ်ကွာ ငါတမင်လုပ်တာမဟုတ်ပါဘူး "

" မလိုပါဘူးကွာ မင်းတို့ဘာလို့လက်ထပ်လိုက်ရလဲ ငါသိပါတယ် ဂယူငါ့ကို အကုန်ပြောပြထားပြီးသား "

" အင်း . .. ဒါပေမယ့် "

သူပြောသင့် မပြောသင့်စဥ်းစားနေချိန်မှာ ဂျောင်ဟန်က ပြောဖို့ တိုက်တွန်းလာသည်။

" ပြောလေ "

" အင်း... ငါလည်း မင်ဂယူကို
ချစ်မိနေတယ် "

ဂျောင်ဟန်ကထပ်မံပြုံးလာပြီး စကားခပ်အေးအေးတို့ကိုဆိုသည်။

" သိတာပေါ့ကွာ "

" ဟင် "

" ငါတင်မဟုတ်ဘူး ဂယူလည်းသိတယ် "

" ဟမ်.. ဂင်မ် .. ဂင်မ်မင်ဂယူကလေ "

" ဟုတ််တယ် ငါတောင်သူပြောပြမှသိတာ
ဟန်နီ့ သူငယ်ချင်းက ကျွန်တော့်ကိုကြိုက်နေတယ်ထင်တယ်တဲ့ လာပြောပြတာ "

" အော် "

ဒါကသူ မင်ဂယူ့ကိုပိုင်ပါတယ်လို့ ပြောတာပင်ဖြစ်သည်။

"ငါ သူ့အချစ်ကို ရအောင်ကြိုးစားချင်တယ် "

ပြုံးရောင်သမ်းနေတဲ့နှုတ်ခမ်းပါးတို့ဟာ တည်တင်းသွားတယ်။ ကော်ဖီခွက်ကို ပြန်ချတဲ့ လက်တွေ ဟာလည်း တည်တည်ငြိမ်ငြိမ်ဘဲ။
သူကသာ ပူလောင်နေတာ ဂျောင်ဟန်ကတော့ အေးအေးဆေးဆေးပင်။
အေးပေါ့လေ သူက မင်ဂယူအချစ်ကို အပိုင်ရရှိထားတဲ့လူဘဲ။

" ရတာပေါ့ ငါတို့ စိန်ခေါ်မှု
တစ်ခုလုပ်ကြမယ် "

" ဘယ်လိုမျိုးလဲ "

" ဒီလိုကွာ ဖြစ်ရပ် တစ်ခု ဖြစ်စဥ်တစ်ခု ဂယူက မင်းနဲ့ ငါ့ကိုရွေးချယ်ရမယ့် အဖြစ်မျိုး ကိစ္စရပ်မျိုးမှာ သူရွေး ချယ် တဲ့ သူကိုကြည့်ကြမယ် "

" အင်း "

" ငါတို့ ဖန်တီးတဲ့ ဟာမျိုးမဟုတ်ဘဲ တကယ် ဖြစ်ပေါ်လာတဲ့အခြေအနေတွေမှာ သူရွေးချယ်ပါစေ "

Reckless loveWhere stories live. Discover now