" အစ်ကို ထ .. ဆန်ပြုတ်ထသောက်"
ပေနေတဲ့ ဝန်းနူကို မင်ဂယူကအတင်းဆွဲထူကာ ကုတင်ခေါင်းရင်းကို မှီစေသည်။
"ဖုန်းက အစောထဲက လာနေတာ ဘာလို့မကိုင်တာလဲ 21 ခေါက်တောင် ရှိပြီ"
ဝန်းနူဖုန်းကို ကိုင်ရင်း နီရဲနေတဲ့ misscalled များကိုပြသည်။
"ထားလိုက်ပါ အစ်ကို မကိုင်ချင်လို့ "
" အန်ကယ်လ် နဲ့ အဆင်မပြေတာရှိလို့လား အစ်ကို "
" ဟင့်အင်း မရှိပါဘူး "
"အင်း ဒါနဲ့ ဆေးသောက်....."
မင်ဂယူက ဝန်းနူ ခေါင်းအပေါ်နားက နံရံကပ် ဗီရိုလေးကို ဖွင့်ဖို့လုပ်တော့
အစ်ကိုက အလန့်တကြား မျက်နှာကို အုပ်လိုက်သည်။သူကိုယ်တိုင်ဘာဆက်လုပ်ရမလဲမသိဘဲ ကြောင်နေသည်။
အစ်ကို က သူ့ကိုရိုက်မှာ ကြောက်နေတာများ
မင်ဂယူ မျက်လုံးထဲ တစ်ခနအတွင်းမျက်ရည်များပြည့်လျှံလာသည်။
အကြည့်ချင်းဆုံမိတော့ ဝန်းနူက မျက်ရည်သုတ်ပေးဖို့လက်လှမ်းမိတော့ မင်ဂယူက ချောင်းဟန့်က မျက်နှာလွှဲလိုက်သည်။" ဆန်ပြုတ်သောက်လိုက်ဦး "
" ကျေးဇူး နော် "
"ရတယ်"
~~~~~~~~~
"အစ် ကိုရေ ပြဿနာတော့ တတ်နေပြီ Roof Calculation ပိုင်းတွေ တပုံစံ ထဲ ကူးချခံရလို့ တဲ့ "
"ဟင် .."
"ဟုတ်တယ် အစ်ကို ဒီ Project က ကြီးတော့သူတို့က company 2ခု ကို အပ်ထားတာ Top One Two ရော"
Top One Two ဆိုတာနဲ့ မင်ဂယူရဲ့ မျက်ခုံးတွေဟာ အလိုလို ပင့်တတ်သွားသည်။
Top One Two ဆိုတာ သူနဲ့ အမြဲ အပြိုင်မဟုတ်လား ပြီးတော့ Top One Two ဆိုတဲ့ နာမည်ကို သူသေချားရင်းနှီးပါတယ်။" အားလုံးတူဖို့က မဖြစ်နိုင်ဘူး Top One Two လက်ချက်မဟုတ်ရင် တခြား company တစ်ခုရှိရဦးမယ်"
"အင်း အစ်ကိုတို့ ခနနေ Top One Two က လူတွေ နဲ့တွေ့ရမှာ မဟုတ် လား"
" ကျွန်တော်တို့ အဆောက်အအုံ တစ်ခုထဲ အတူတူ လုပ်ရမှာမို့ လာတွေ့မှာ မနက်ဖြန် ဒီကအဖွဲ့ နဲ့ Top One Two က အဖွဲ့
R9 မှာ အလုပ်လုပ်ရမှာ အစ်ကို"
YOU ARE READING
Reckless love
Fanfictionပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါရစေ Start Date _ 8.5.2024 End Date _ 28. 4 . 2024