{2}

689 80 6
                                    

" ဟန်နီ ဟန်နီ နိုးလား "

ပါးလေးကိုအသာပုတ်နှိုးတော့
နိုးလာပေမယ့် မျက်လုံးမဖွင့်ဘဲ မျက်ရည်တွေဟာ တအိအိပြိုဆင်းလာသည်။

" ဟန်နီ ဘာဖြစ်လို့လဲဟင် ဘာလို့ငိုတာလဲ ကျွန်တော့်ကိုပြော "

" ကိုယ် ဂယူ့ကိုသိပ်သတိ ရတာဘဲကွယ် ။
အမြဲအတူသွားအတူလာ အတူစားကနေ ကိုယ်တစ်ယောက်ထဲ ဖြစ်သွားတာ ဘယ်လောက် အထီးကျန်သလဲသိလား။
ဒီချိန်လောက်ဆို သူတို့နှစ်ယောက် နီးကပ်နေမလားဆိုပြီး တွေးရတာ ကိုယ်ရူးမလိုဘဲ
ဂယူ "

ဂယူက သက်ပြင်းငွေ့ငွေ့ချကာ

" ဟန်နီရယ် ကိစ္စတွေ အားလုံးပြီးရင် ကျွန်တော်က ဟန်နီ့ဆီကို ဘဲ ပြန်လာမှာလေ အဲ့ဒီလို ကိစ္စတွေက မဖြစ်နိုင်တာမို့ တွေးပူမနေပါနဲ့ "

" ကတိပေးလား ဂယူ "

" သိပ်ပေး တာပေါ့ ဟန်နီရယ် "

မျက်ရည်တို့ကို ခပ်ဖွဖွ သုတ်ပေးတော့ ရင်ခွင်ထဲကို တိုးလို့ ဝင်လာသည်။
မင်ဂယူက ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားတကယ်ကိုချဖို့လိုပြီဖြစ်သည်။

~~~~~~~~~

" မင်ဂယူက ဘာလို့နောက်ကျနေရတာလဲ "

စောင့်မျှော်နေရတဲ့ကောင်လေးမျက်နှာဟာ အပြင်မှာရွာချတော့မလိုဖြစ်နေတဲ့ မိုးတိမ်တွေမဲမှောင်လျက်ရှိနေသည်။
မှောင်မဲနေတာကို သူကြောက်သည်။
ကြောက်တဲ့ စိတ်ကိုဖြေဖျောက်နိုင်ရန် ရေခဲသေတ္တာထဲက ကျန်တဲ့ ဆိုဂျူပုလင်းကို ကောက်ယူလိုက်သည်။
နာရီဝက်လောက် အကြာမှာတော့  မင်ဂယူဟာ အစ်ကိုလို့ခေါ်သံနှင့်အတူရောက်လာသည်။

" အစ်ကို "

" ဗျာ "

" ဒါလေး လျှော်ပေးပါဦး ဟန်နီ အန်ချလိုက်လို့ မလျှော်ချင်လည်း လျှော်ဖို့ စိမ်ထားပေးပါဦး "

မင်ဂယူလှမ်းပေးနေတဲ့ အင်္ကျီကို လှမ်းယူပြီး
ဝန်းနူစိတ်ထဲ တစ်မျိုးတစ်မည် ခံစားလာရသည်။

" ဟုတ်ပြီ... မင်ဂယူအတွက် ညစာပြင်ထားပေးပြီးသား စားလိုက်နော် "

" ဟုတ် ဟုတ် အစ်ကို ကျေးဇူးနော် "

" ရပါတယ် "

Reckless loveWhere stories live. Discover now