ခွဲခန်းထဲရောက်နေတဲ့သူက ဆရာဝန်တွေလက်ထဲမှာ အသက်ရှင်နိုင်ဖို့ 50 ရာခိုင်နှုန်းသေချာပေမယ့်
အပြင်မှာစောင့်နေတဲ့ အစ်ကိုက အသိစိတ်မကပ်။
ထိုင်စောင့်နေရင်း လက်ညိုးထိပ်ကိုဖဲ့နေတာ အသားတွေလန်ပြီး သွေးတွေပါထွက်နေပြီ။
လက်တွေကို ဆွဲယူတော့ သူ့ကိုမော့ကြည့်လာသည်။" မင်ဂယူ .. အစ်ကို ဘာမှ မဖြစ်ပါဘူးနော် "
" မဖြစ်ပါဘူး ဆရာဝန်တွေလက်ထဲကို ရောက်နေပြီဘဲ အစ်ကိုရယ် စိတ်လျော့ပါ "
" တစ်ခုခု ဖြစ်ရင်တော့ အစ်ကို ရူးမှာ မင်ဂယူ ရယ် "
၃နာရီအကြာမှာခွဲခန်းထဲက ဆရာမက ထွက်လာပြီး စိတ်ချရကြောင်းပြောတော့ အစ်ကိုက တကယ်ကလေးတစ်ယောက်လို ငိုချသည်။
ခွဲခန်းထဲ က နေ VIP room ထဲ ရွှေ့ပြီးသည်အထိ အစ်ကိုက အငိုမတိတ်သေး။
" တိတ်ပါတော့ အစ်ကိုရယ်
အစ်ကို ဆွန်းချောလ်က အစ်ကို့ ကိုထားသွားမယ့် လူမျိုးမှ မဟုတ်တာ "" အင်းနော်... မင်ဂယူပြန်တော့လေ အစ်ကို ဆက်စောင့်တော့မယ် "
" ဟုတ် "
မင်ဂယူ ပြန်သွားတော့ သတိမလည်သေးတဲ့ အစ်ကို့ ကို စောင်လေး သေချာခြုံပေးကာ ပြန်နိုးလာမှာကို စောင့်နေလိုက်သည်။
သေချာပေါက်အစ်ကိုက ပြန်လာမှာ။ကုတင်ပေါ်မှာ လဲနေတဲ့ကောင်လေးကလည်း
အတိတ်ကာလတစ်ခုစီကို အလည်ရောက်နေလေရဲ့။သူရောက်နေတာ အခန်းတစ်ခုထဲ
မဟုတ်သေးဘူး
သူက ဝန်းနူရဲ့ ဖေဖေဆီကိုရောက်နေတာ။
ဝင်လာတဲ့သူ့အဖေဆီကို ဝန်းနူက ပုံတစ်ချို့ ပြလိုက်သည်။" ဒါက ကလေးလေး အဖေဆို အန်ကယ်လ်က ဘယ်သူများလဲ "
" မင်းက ဒီပုံတွေ ဘယ်ကရတာလဲ "
" ကျွန်တော်မေးတာဖြေပါ "
" ပထွေးလို့ဘဲပြောရမှာဘဲ
သူ့အမေက သူ့အဖေကိုပစ်ပြီးငါ့နောက်လိုက်ခဲ့တာ "" သူများကလေး ကို ကျွေးမွေးထားတယ်ဆို လည်း အန္တရာယ်မဖြစ်အောင် ဂရုစိုက်ပေးပေါ့ဗျာ "
" ချွဲဆွန်းချောလ် မင်းက ကျောင်းပြီးထားတာ တစ်နှစ်ဘဲရှိသေးတယ်နော် လူရာသိပ်မဝင်ချင်နဲ့ "

YOU ARE READING
Reckless love
Fanfictionပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါရစေ Start Date _ 8.4.2024 End Date _ 28. 5 . 2024