" ချွဲဆွန်းချောလ် ခင်ဗျားတော်လိုက်တော့ ..... !!! "
သူ အစ်ကို ဆွန်းချောလ် ကို ပြန်လှဲချပြီး အပေါ်ကနေ တတ်ခွကာ တစ်ချက်ထိုးလိုက်သည်။
အငိုက်မိသွားတဲ့ ဆွန်းချောလ် က ပထမတစ်ချက်မှာ ခံလိုက်ရပေမယ့် ဒုတိယတစ်ချက်ကိုတော့ ရှောင်လိုက်နိုင်သည်။
သူ့ပေါ်က မင်ဂယူကို တွန်းချကာ ကော်လံ စကနေ ဆွဲပြီး မတ်တတ်ရပ်လိုက်သည်။"မင်းကို ကလေးလေးက အရမ်းချစ်တာမို့ ငါသည်းခံနေတာ မဟုတ်ရင် ငါမင်းကိုသတ်ပြီးလောက်ပြီ"
ပြောရင်း ပစ်ထိုးလိုက်တဲ့ ဆွန်းချောလ် ရဲ့ လက်သီးကို မင်ဂယူက မရှောင်လိုက်နိုင်။
သူလူအရောက်နည်းတဲ့ ကျူပင်တွေကြားမှာ ပုတ်သတ် နေတဲ့ သူတို့ နှစ်ယောက် ကို တားဆီးမယ့်သူမည်သူမျှရှိမနေ။
"ငါမင်းကို ပြောထားတယ် မလား
ကလေးလေး နောက်တစ်ခါထိခိုက်နာကျင်ရရင် သတ်မှာလို့ ""သတ်လိုက်စမ်း... ငါ့ကိုသတ်လိုက်စမ်း
ချွဲဆွန်းချောလ် ငါ သေရင် မင်းအရမ်းချစ်ပါတယ်ဆိုတဲ့ မင်းရဲ့ ကလေးလေး ဘယ်လို ကျန်ခဲ့မလဲ လို့ ""အေး အဲ့တာ တွေကြောင့်ဘဲ မလို့ ပေါ့ကွာ "
သွေးပူနေတဲ့ နှစ်ယောက်လုံး သွေးအေးသွားချိန်မှာတော့ ကျူပင်တွေ ကြားထဲ လှဲ ချကာ
" ငါမင်း ကို မမုန်းမိဖို့ တော်တော် ကြိုးစားယူခဲ့ရတာ မင်ဂယူ "
" အင်း ... ကျွန်တော်လည်း အတူတူဘဲ"
" ငါက မင်း အပေါ် ကို ဘာအမှားမှ လုပ်မထား ဘူး နော် မင်ဂယူ "
" အစ်ကို တောင် ကျွန်တော် ကို အကြောင်း ပြချက်မရှိဘဲ ချစ်ရသူကြောင့် မုန်းသေးတာဘဲမလား "
"....... "
" ကျွန်တော် လည်း တူတူ ဘဲ ချစ်ရသူကြောင့်မလို့ "
" နားလည်အောင်ပြောစမ်း မင်ဂယူ မင်းလည်း ကလေးလေး ကို ချစ်နေတာ လား "
" ခင်ဗျား ခေါင်းထဲမှာ သူတစ်ယောက်ဘဲ ရှိတာ လား ... ကျွန်တော် ဘယ်တော့မှ သူ့ကို ချစ်မှာ မဟုတ်တာ မို့ စိတ်ချ "