p 1

9K 222 41
                                    

P-1

တိတ်ဆိတ်နေသည့် ညအချိန်အခါဖြစ်သည်။လကွယ်ရက်မို့ အမှောင်ထုမှာ ပိန်းပိတ်လျက်။
သစ်တောထဲရှိ သစ်ပင် ချုံနွယ်တွေအကြားမှ လူတစ်ယောက် ဖြည်းညှင်းစွာလျှောက်လာသည်။
မကြာလိုက်ပါ တဖြည်းဖြည်းနှင့် ထိုလူ၏ပုံပန်းသဏ္ဍာန်မှာ ရိုးတိုးရိပ်တိတ်ပေါ်လာသည်။ မြင့်မားသော အရပ်၊ တစ်ကိုယ်လုံးကိုပိန်းပိတ်အောင်ခြုံထားသည့် ဝတ်ရုံအနက်၊ ထို့နောက် ပေါ်ရုံသာပေါ်သည့် မျက်ဝန်းပြာပြာမှာ ပြာလဲ့ကာစူးရှနေသည်။

ဒီလူက ဘယ်သူလဲ၊ ဘာလို့ ဒီလိုအချိန်မှာ ဒီနေရာကို တစ်ယောက်တည်း ဘာအတွက် လျှောက်လာရတာလဲ။ မကြာလိုက်ပါ ထိုလူသည် တောနက်နက်ထဲသို့ရောက်သွားတော့သည်။ ထို့နောက် သူ့ထံမှ မန္တာန်တစ်ခုရွတ်ဆိုသံထွက်ပေါ်လာ၏။ မကြာခင်မှာပင် မြွေတွန်သံလိုလို အသံများတရွှီးရွှီးထွက်ပေါ်လာသည်။သို့သော် မြွေတွေရဲ့ တွန်သံမဟုတ်ပေ။ မြွေနဂါးများ၏တွန်သံသာဖြစ်ပေသည်။ ထိုအချိန်မှာ ဤလူ၏ မျက်ဝန်းပြာပြာများက ပို၍ပို၍ ပြာတောက်လာသည်။

ရွှီး...................

မြွေနဂါးတို့၏တွန်သံများ တိကနဲရပ်တန့်သွားချိန် ထိုမျက်စံပြာများမှာ တမဟုတ်ခြင်း နက်စွေးသွားလေတော့သည်။

"ငါသည် ယနေ့မှစ၍ မြွေနဂါးတို့၏ အရှင်သခင် မြွေနဂါးဘုရင်ဖြစ်၏။ သုံးလောက၌ သိကြကုန်သော ငါ၏အမည်သည် တပ္ဗဒိတ္ထတည်း။ ထို့ကြောင့် ဤနေရာ၌ရှိနေသော မြွေနဂါးများနှင့်တကွ နာနာဘာဝ ဝိနာဘာဝ အစရှိကြကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့သည် ငါ၏ဖြစ်တည်မှုကို သိရှိကြကုန်အံ့"

သြဇာသတ္တိအပြည့်နှင့်အသံရှိန်ဝါသည် တောအုပ်တစ်ခုလုံးသို့ပျံ့နှံသွားကာ ထိုလူမှာလည်း ထိုနေရာ၌ ဖျက်ကနဲပျောက်ကွယ်သွားတော့သည်။
....................

"ပိတ်ထားစမ်း! နင့်စောက်ပေါက်ကိုပိတ်ထားလိုက်စမ်း!"

"ထက်သျှားဝဠာ နင်! နင်..."

"စောက်ကောင်မ ငါ့နာမည်ကို နင့်စောက်ပေါက်ကမထွက်နဲ့"

"အား...!!"

"ဒုန်း!"

အချေအတင်စကားများနေသော စာသင်ခန်းအတွင်းမှလာသည့်အသံများ။ ထို့နောက် စူးရှစွာထွက်လာသည့် မိန်းကလေး၏ အော်သံအနောက်မှာ တစ်ခုခုနှင့် အားပြင်းစွာဆောင့်မိသည့်အသံ။

မုန်း🔞 [Ex'son S-2]Where stories live. Discover now