p-3
အချိန်ကား ညနေ ၆နာရီစွန်းစွန်းသာရှိအုံးမည်။ တဒုန်းဒုန်း တဒိုင်းဒိုင်း ဆူညံနေသည့် Djသံနှင့်အတူ တဘီးဘီးမည်နေသော ထက်သျှားဝဠာ၏ဖုန်းက ဘောင်းဘီအိတ်ကပ်ထဲမှာ။ ပါပါးတို့ကတော့ စိတ်ပူလို့ ဖုန်းခေါ်နေကြလောက်ပြီ။ ဒါပေမဲ့ သိတဲ့အတိုင်း သူကဲချင်သေးတယ်။ အိမ်မပြန်ချင်သေးဘူး။ စောက်ရမ်းတွေ ပျော်စရာကောင်းနေတုန်းပင်။ ကရင်းခုန်ရင်း ကျောထဲတစိမ့်စိမ့်ဖြစ်နေတာကိုတော့ ထည့်မပြောတော့ပါဘူး။
ပါလာသည့်အပေါင်းအသင်းတွေက ကိုယ့်လူရင်းတွေပဲမဟုတ်။ သိပ်မရင်းနှီးသည့် သူများလည်းပါသည်။ ပြောရရင် ထက်သျှားသူငယ်ချင်းတွေရဲ့အသိတွေပေါ့လေ။ သူတို့၏ သူငယ်ချင်းအုပ်ကလည်းတောင့်သလို ပါလာသည့်လူတွေကလည်း အချဥ်မဟုတ်။ ရုပ်ရှိရေလျှံတွေချည်းမို့ အကုန်လုံးက clubမရောက်တာကြာတော့ အကြိုက်ကဲမိသည်အထိ။
ထက်သျှား ကနေရင်း တင်ပါးကိုလက်နှင့်ပွတ်ခံလိုက်တာကို ခံစားမိလိုက်သည်။ Vermouthနှစ်ခွက်သာသောက်ထားသော်လည်း အူရိုင်းလေးမို့ လူက ရီဝေဝေ။ ပွတ်ရုံမက အညှစ်ပါခံလိုက်ရသည်မို့ ဒေါသကထွက်လာသည်။ ဘယ်ကောင်အနောက်ကနေ လက်သယမ်းနေသည်မသိ။
ရန်တွေ့ဖို့ရာ လှည့်ကြည့်လိုက်တော့ မြင်တွေ့လိုက်သည့်မျက်နှာကြောင့် အံ့သြသွားရသည်။
"မအေဘေးသျှန်မုန်းမြတ်"
"Hi ငါပါ သျှန်မုန်းမြတ်။ မှတ်မိသားပဲ"
ပြောရင်းဆိုရင်း ခါးကိုလာဖက်သည်ကြောင့် ထက်သျှားမှာဒေါသပိုထွက်လာရသည်။ လူအရမ်းများကာ တွန်းထိုးကခုန်နေတာကြောင့် သူ့မှာရုန်းမရပြုမရ။
"ငါလိုးမတား လွှတ်စမ်း"
"ဟမ့် လွတ်ဖူး"
"ဘာကြီး"
djသံကြောင့် သူ့မှာ မုန်းမြတ်၏အသံကိုသေချာမကြားရ။
"မလွှတ်ချင်ဘူးလို့ ခင်ဗျားလေးရဲ့"
နားနားသို့ကပ်ကာ နှစ်ကိုယ်ကြားလေသံဖြင့် ပြောလာသည်ကြောင့် ကြက်သီးများတဖြန်းဖြန်းထသွားရသည်။