p-4
ရှုးပေါက်လိုက်တော့ အမူးပြေသွားသလိုခံစားလိုက်ရသည်။ အိမ်သာထဲကထွက်လာလာခြင်း မုန်းမြတ်တစ်ကောင်ကိုလိုက်ရှာသော်လည်းမတွေ့။ 'ပြန်သွားပြီနေမှာပေါ့'ဆိုသည့်အတွေးနှင့်အတူ
ဘေစင်မှာ လက်ဆေးနေရင်း ပုခုံးပေါ် ရောက်လာသောလက်တစ်ဖက်ကြောင့် သျှန်မုန်းမြတ်အထင်နှင့် ဆဲလိုက်မိသည်။"လီးလား မေဘေး"
"ဘာကွ"
ကြားလိုက်ရသည့်အသံမှာ မုန်းမြတ်အသံဟုတ်မနေ။ လှည့်ကြည့်မိတော့ ထင်သည့်အတိုင်းပင် တခြားလူ။ ဘယ်ကအမူးသမားမှန်းမသိတာမို့ တောင်းပန်စကားဆိုရန်သာပြင်လိုက်သည်။
"အာ.. sorry"
"ဟက်! အချောလေးပဲကွ မင်းက"
"ဘာ"
ဒီကောင် ဘာအထာလဲ။ ပြောလာသည့် စကားကထောင့်မကျိုး။
"ဘယ်လိုလဲ One night standကြမလား အလှလေး၊ ကိုကြီးကဘာလာလာဒေါင်းပါတယ်ကွ"
မိမိအား စော်ကားမော်ကားပြောနေသည်မို့ ဒေါသတို့ကအစိုးမရစွာပင်အလုံးအရင်း။
"မိုက်ရိုင်းလိုက်တာ ခွေးမသား"
ပြောရင်းဆိုရင်း ထက်သျှားက ထိုသူ့မျက်ခွက်ကိုပိတ်ထိုးမိသည်။ သို့သော် ထိုလူကအလျှော့မပေး အတင်းဖက်ကာ နမ်းရန်ပြင်လာသည်။ အားခြင်းမမျှသည်မို့ ရုန်းရန်ကလည်းမဖြစ်နိုင်။ ထိုအချိန်စိတ်ထဲပေါ်လာသည်က သျှန်မုန်းမြတ်လာကူညီဖို့ပင်။
သူ့အတွေးတွေက တကယ်ဖြစ်လာသည်ထင် သျှန်မုန်းမြတ်က Toiletထဲဝင်လာသည်။ သို့သော် မြွေတွန်သံလိုလို အသံတစ်ခုကြားလိုက်ရသည့်အခါ ထက်သျှား၏ အမြင်အာရုံတစ်ခုလုံး မှောင်မိုက်သွားရသည်။
ဘာဖြစ်သွားမှန်းမသိလိုက်ချိန်မှာ ဖြတ်ခနဲ ပေါ်လာသည့် မုန်းမြတ်၏ မျက်နှာရယ်၊ စုပ်ယူငုံထွေးခံနေရတဲ့ မိမိရဲ့နှုတ်ခမ်းတွေရယ်။ လက်ကတော့မြန်သလားမမေးနှင့် မုန်းမြတ်ပါးပေါ် autoရောက်ပြီးသားပင်။
ထက်သျှားသိတာ သူ့ခြေထောက်တွေကညောင်းနေပြီးတော့ အခုရောက်နေတဲ့နေရာက ဘယ်နားမှာမှန်းမသိသလို နှလုံးအိမ်တစ်ခုလုံးက ခရီးဝေးပြေးလာရတဲ့လူလို မောဟိုက်နေသည့်ကြားထဲကပင် တဒိတ်ဒိတ် ရင်ခုန်သံတွေက အစိုးမရခဲ့ပေ။
.......
"တီ.....!"