နွေငွေ့- ၁

681 40 3
                                    

မြေ ...ငါတော့ နွေဦိးရဲ့ နံနက်ခင်းမြူငွေ့လေးကို ရှာတွေ့ပြီ ထင်တယ်....

May 21, 2023 .
Sunday .

ပိတောက်ရနံ့တွေက ပတ်၀န်းကျင်မှာ လှိုင်လှိုင်သင်းနေကြတယ်။မိုးနံ့ ရောက်နေတာက ပိတောင်ပင်တွေ စည်းရိုးအနှံ့ နေရာမလပ် စိုက်ထားတဲ့ ပိတောက်ပျိုအိမ်တော် ၀န်းထဲမှာလေ။ခြံ၀န်းတံခါးက လွဲရင် စည်းရိုးမှာ ကပ်လျက်ပဲ ပိတောက်ပင်အိုတွေ ‌စနစ်တကျ ပေါက်လာခဲ့တာ။ပိတောက်အိုတွေပေမဲ့ ပိတောက်ဖူးတွေတော့ နုပျိုနေကြသည်။

" ရောက်နေတာ ကြာပြီလား "

ပိတောက်အိုတွေကို ငေးကြည့်နေတုန်း အစိမ်းရောင် မြတ်ခင်းပြင်ကြီးကို ဖြတ်လျှောက်ရင်း အသံပြုကာ လှမ်းလာသူက ပိတောက်ပျို အိမ်တော်ရဲ့ အငယ်ဆုံး မမလေး ခွန်းအယ်လ်ဂျူးပေါ့။မိုးနံ့ အမြဲခေါ်လေ့ရှိတဲ့ တရုတ်ကောင်။တရုတ်ကောင်က တရုတ်မစစ်ပါဘူးလေ။ဗမာ- တရုတ် - တရုတ် ကပြား။မိိခင်က တရုတ်စစ်စစ်နဲ့ ဖခင်က တရုတ်- ဗမာကပြား ဆိုတော့ , အေးပေါ့ တရုတ်ကောင်က ဗမာသွေး ၂၅% ပဲပါတော့ပေါ့။ဒါကြောင့် သင်း အသားရည်က ခရုသင်းစွဲနေတာ။

" အိမ်တော်ထဲ ၀င်မလာပဲ ဒီမှာ ထိုင်နေရသလား "

" သွားကြရအောင်လေ သင်တန်းနီးနေပြီ "

" ငါက မြေနဲ့ ကော်ဖီ သောက်ချင်သေးတာ "

မိုးနံ့ထက် အရပ် ၂ လက်မ ပိုမြင့်တဲ့ တရုတ်ကောင်က ကာကီရောင် ဘောင်းဘီအိတ်ကပ်တွေထဲ လက်ထည့်ရင်းကနေ ခပ်နွဲ့နွဲ့ဆိုလာတယ်။

" မရဘူး အချိန် မရှိတော့ဘူး "

" မြေ "

မိုးနံ့မြေ ဆိုတဲ့ နာမည် အပြည့်အစုံမှာ သူများထက် ထူးကဲပြီး မြေ ဆိုတဲ့ အလုံးမှ အဲ့တရုတ်ကောင်က ရွေးခေါ်တယ်လေ။မြေဆိုတဲ့ အလုံးကိုပဲ မိုးနံ့ကလည်း ဘယ်လို သောက်မြင်ကပ်မှန်းမသိ။

" တော်ပြီ ဘာမှမြေမနေနဲ့ သောက်ချင်ရင် သင်တန်းပြီးမှ သောက် "

တရုတ်ကောင်က မိုးနံ့စကားကို မထီတရီ ပြုရင်း ခုံတန်းမှာ ၀င်ထိုင်ပါရော။မိုးနံ့ကလည်း ပြီတီတီပြုံးကာ နေခဲ့ဟာ ဆိုပြီး ခုံတန်းရှေ့က စားပွဲပေါ်က အနက်ရောင် leather college bag ကို ကောက်လွယ်ပြီး သူရှေ့က ထွက်လာခဲ့တယ်။ပိတောက်ပျိုအိမ်တော်၀န်းထဲကနေ လမ်းမပေါ်ရောက်ဖို့ နာရီ၀က်လောက် လမ်းလျှောက်ရတယ်။တရုတ်တွေက ဘာလို့ အဲ့လောက် ခြံ၀န်းတွေ အကျယ်ကြီး လုပ်ထားရလဲ မသိဘူး။တရုတ်ကောင်ကို စိတ်တိုရာကနေ သူ့ဘိုးဖွားတွေပါ မဆီမဆိုင် စိတ်တိုမိတယ်။လမ်းမပေါ် ရောက်ရောက်ချင်းပဲ နောက်က တရကြမ်းမောင်းလာတဲ့ အမိုးဖွင့်ကားက အနားကနေ လေပြင်းအဟုန်နဲ့ ပွတ်တိုက်သွားတယ်။မိုးနံ့ရှေ့မှာ ပိတ်ရပ်ပြီး တစ်ဖက်ကားတံခါးက ပွင့်လာတယ်။မိုးနံ့အနား ရောက်တော့ -

နွေငွေ့ ( summer feelings )Where stories live. Discover now