နွေငွေ့ - ၅

213 26 1
                                    

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ရဲ့ အကြီးကျယ်လှဆုံးသော စိန့်နိကောလပ် ဘုရားကျောင်းဟာ ကြယ်ရောင်တွေ တလက်လက်ရဲ့ အောက်မှာ ငြိမ်းအေးစွာ ရှိနေပြီး ၀တ်ပြုသံတွေဟာလည်း ခရစ်တော်ကို ယုံကြည်သူတို့အဖို့ စိတ်နှလုံးအေး‌ချမ်းစေမှာပင်။ထိုအရာအားလုံးနှင့် ဆန့်ကျင်မှုတစ်ခု စဖို့ စောင့်ဆိုင်းနေတာကတော့ ဘုရားကျောင်းရဲ့ အနောက်ဘက်က ရှေးဟောင်း အဆောက်အဦး တစ်ခုထဲမှာပင်။ ပတ်၀န်းကျင်အမြင်မှာတော့ အထပ်ပေါင်းများစွာ ရှိတဲ့ အဆောက်အဦး တစ်လုံးပေါ့။စူးစမ်းလေ့လာ ၀င်ရောက်သူတို့အဖို့ မြေညီထပ်မှ သုံးထပ်မြောက်ထိသာ တက်ခွင့်ရှိပြီး သုံးထပ်ကို ကျော်လာပါက မမြင်နိုင်သည့် နေရာတွင် တပ်ထားသည့် အချက်ပေးစနစ်ဟာ လျှို့ဝှက်အခန်းတွင်းတွေမှာ မြည်လာပြီး အခိုးအငွေ့တွေ ထွက်လာကာ ရှုရှိုက်မိပါက နေရာမှာတင် မူးမိုက်လဲကျသွားမည် ဖြစ်သည်။၀င်‌ေရာက်စူးစမ်းသူဟာ မူးမိုက်လဲကျပြီး အဲလဗမြစ်အတွင်း ပစ်ချခံရကာ ရှူရှိုက်မိတဲ့ အခိုး အငွေ့တွေက ဦးနှောက်မှတ်ဥာဏ် တွေကို ဖျက်စီးပစ်တော့သည်။

ဂျာမဏီနဲ့ ဥရောပတွင်းက ဒုစရိုက် လောကသားတို့ကြား နာမည်ကျော်ကြားတဲ့ ရာဂွန်ချောက်နက် ဆိုတာ စိန့်နိကောလပ် ဘုရား၀တ်ပြုကျောင်း အနောက်ဘက်က အဆောက်အဦးကို အမည်ပြုထားတာပင်။‌အဆင့်အမြင့်အဆုံး နည်းပညာဖြင့် တသီးတသန့် မွမ်းမံထားတာမို့ တိတ်ဆိတ်အိုဟောင်းလှသည့် အဆောက်အဦးကြီးလို့သာ သာမန်လူတွေ သိထားကြသည်။CIA, MI6, ASIS နဲ့ MIT တို့လို နိုင်ငံတကာ ရော နိုင်ငံပိုင် အစိုးရအဖွဲ့တွေရောပါ အသည်းအသန် လိုက်နေကြတဲ့ ရာဂွန် ချောက်နက်ဆိုတာ အဲ့ဒီ အဆောက်အဦးကြီးပင်။

အခုတော့ အဆောက်အဦးရဲ့ လျှို့ဝှက် အထပ်တွေမှာ ကာစီနို, မူးယစ်‌ဆေး
, ပြည့်တန်ဆာ , လူသတ်ပွဲ စသည် အသီးသီးဖြင့် ဒုစရိုက် လောကကြီး ရှင်သန်နေပြီး ရာဂွန်ချောက်နက်ရဲ့ မြေအောက်ကမ္ဘာမှာတော့ သီးသန့်လူသတ်ပွဲတစ်ခုအတွက် ‌စောင့်ဆိုင်းနေကြလေသည်။ခန်းမရဲ့ အလယ်က မီးရောင်ဖျော့ဖျော့အောက်မှာ လက်နှစ်ဖက်လုံးကို သံကြိုးတွေဖြင့် တုပ်နှောင်ဆွဲထားပြီး ရိုက်နှက်မှုကြောင့်လည်း လူက တစ်ကိုယ်လုံး သွေးသံရဲရဲဖြင့်။မီးရောင်ဖျော့ဖျော့ရဲ့ ဘေးပတ်လည်က အမှောင်တွေမှာတော့ ရက်ရက်စွာ စီရင်မှုကို စောင့်နေကြတဲ့ နှလုံးမဲ့ လူသားတွေ။တိတ်ဆိတ်နေတဲ့ ခန်းမအတွင်း ဖိနပ်သံ တစ်စုံက ခန့်ခန့်ထည်ထည်နဲ့ ၀င်ရောက်လာတယ်။

နွေငွေ့ ( summer feelings )Where stories live. Discover now