နွေငွေ့ - ၇

270 32 6
                                    


မနက်ခင်း နေရောင်ခြည်ကြည်ကြည်ရဲ့ အောက်မှာ သစ်လွင်တောက်ပတဲ့ အနီရောင် အမိုးဖွင့်ကားတစ်စီးဟာ ပိတောက်ပျို အိမ်တော်၀င်းထဲကို အရှိန်ပြင်းပြင်းနဲ့ ၀င်လာလေသည်။ရပ်လိုက်တော့လည်း တုန့်ခနဲပါပဲ။ကားထဲမှ ခြေဖမိုး ဖွေးဖွေးတစ်စုံက လေးလက်မမြင့်တဲ့ အနီရောင် ဒေါက်မြင့်စီးကာ အရင်ထွက်လာတယ်။အဲ့ဒီနောက် ရှည်လျားသွယ်လှတဲ့ ခြေထောက်တွေက နီညိုရောင် ဂါ၀န်အကွဲမှ လစ်ဟာ ထွက်လာကြပြီး ဖြောင့်ဖြောင့်မတ်မတ် ရပ်လိုက်ကြတယ်။အနက်ရောင် မျက်မှန်အောက်မှ မျက်၀န်းတွေက ယုံကြည်မှု အမြဲပြည့်နေပြီး လေးနက်တည်ကြည်သည်။နှာတံမြင့်မြင့်က အနောက်တိုင်းဆန်ဆန် ဆွဲဆောင်မှု ရှိသည်။နှုတ်ခမ်းပါးပါးနဲ့ မေးရိုထင်းထင်းကလည်း စွဲမက်စရာပါပဲ။ဆံပင်ရှည်ကို မြှောက်ကာ စည်းထားတော့ ‌ခြေလှမ်းတိုင်းမှာ ယိမ်းခါလျက်။

အိမ်တော်ရဲ့ ခမ်းနားကျယ်၀န်းတဲ့ အခန်းတစ်ခုမှာတော့ သခင်မချင်းအယ်က အရောင်အသွေးစုံလင် လှပတဲ့ ကျောက်မျက်ရတနာတွေကို စစ်‌ဆေးနေရင်း စိတ်ကျေပ်မှု အပြည့်အ၀ပါပဲ။အိမ်စေ ကောင်မလေးတစ်ယောက်က သူ့သခင်မနားကပ်ကာ တီးတိုးလာပြောလေသည်။သခင်မချင်းအယ်ရဲ့  ကြည်ရွှင်နေတဲ့ မျက်နှာဟာ ချက်ချင်းတည်တံ့သွားတယ်။

" ထူးထူးဆန်းဆန်းပါလား , ဥဩလရောင်က ဒီတစ်ကြိမ်တော့ ငါခေါ်တာ ချက်ချင်းရောက်လာသားပဲ "

အထက်စီးဆန်သော အပြုံးတစ်ချက်ဟာ ၀င်းခနဲပါပဲ။ခဏနေ လာခဲ့မည်ဟု ပြန်ပြောခိုင်းကာ အိမ်စေကို ထွက်သွားခိုင်းလိုက်လေသည်။

သခင်မချင်းအယ်ဟာ ကျယ်၀န်းခန့်ညားတဲ့ လှေကားထစ်တို့ကို ဖြတ်ပြီး သူ့ကို စောင့်နေတဲ့ ဥဩဆီ ဆင်းလာလေသည်။ဥဩလရောင်ကတော့ ရိုးရိုးကျိုးကျိုး ထိုင်ကာ စောင့်နေမည် မဟုတ်။မထီမခန့် မျက်နှာပေးနဲ့ အိမ်ကြီးရှင်ဟန် ထိုင်‌နေလေသည်။အဲ့ဒီပုံစံတွေကပဲ သခင်မချင်းအယ် မျက်လုံးထဲမှာ မျက်မုန်းကျိုးချင်စရာ ကောင်းနေခဲ့တာ။

" ရောက်လာပြီလား ဒီတစ်ကြိမ် တော်တယ် နောက်ဆိုလည်း ငါခေါ်ရင် ခုလို ချက်ချင်း ရောက်လာရမယ် "

နွေငွေ့ ( summer feelings )Where stories live. Discover now