နွေငွေ့ -၂

225 36 4
                                    


ဘုန်းကြီးကျောင်း၀န်းထဲက ဓမ္မာရုံအပြင်ဘက်မှာ လူကြီးသံ ကလေးသံတို့ မျိုးစုံ ဆူညံနေကြသည်။ဓမ္မာရုံထဲမှာတော့ အသက်အရွယ် အိုမင်းပြီဖြစ်တဲ့ အဘိုးအဖွားတို့ကို ‌လူငယ်တို့က ခြေသည်းလက်သည်း ညှပ်ပေးနေကြသည်။

" အဖွား အသားထိလို့ နာရင်ပြောနော် "

" မနာပါဘူးကွယ် "

မိုးနံ့က ဒူးထောက်နေရာမှ တင်ပျဉ်ခွေ ထိုင်ချလိုက်တော့သည်။ကျောင်း၀န်းထဲမှာ ရေပက်လို့ အော်ဟစ်နေကြသူတွေနဲ့ စနောက်သံတွေ လွှမ်းနေသည်။

" ဟေး တို့ ဒီနေ့ဥုပုသ်ယူထားတယ် ဥုပုသ်သည်ကို ရေမလောင်းရဘူး "

" ဥပုသ်သည်လည်း နွေပူဒဏ်ကို အံမတုနိုင်ပါဘူး ရေအေးလေးနဲ့ ဟောဒီလို ‌သင်္ကြန်ကို ကြိုဆိုလိုက် "

" ဟား......စောက်ကလေးကတော့ "

" ဟာ ဥုပုသ်သည်က မဆဲရဘူးလေ "

" ကျောင်းတွင်းဥုပုသ် ဖြစ်သွားပြီ နင်ပြေးစမ်း "

" ဟာ ဒေါ်ကြီး အဲ့လိုပြန်မစကြေးလေ "

ဓမ္မာရုံ အပြင်ခပ်လှမ်းလှမ်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ရပ်ကွက်ထဲက အပျိုကြီး မဇီးကွက်နဲ့ တစ်ရပ်ကွက်လုံးရဲ့ အော်ကြောလန်လေး ‌ထွန်းပုတို့ကို ကြည့်ပြီးလူတွေ ပြုံးစိစိဖြစ်နေကြလေသည်။‌မဇီးကွက်က ဆွမ်းဖိုချောင်က ပစ်ထားတဲ့ မီးသွေးချောင်းကို ကိုင်ပြီး ထွန်းပုနောက်က လိုက်နေလေသည်။ထွန်းပုကလည်း ပုဆိုးမနိုင့်တနိုင်နဲ့ ခရေပင်ကို ပတ်ပြေးနေလေသည်။မကြာပါဘူး ထွန်းပုကို မဇီးကွက် မိသွားပြီး မျက်နှာတစ်ခုလုံး မီးသွေးမိတ်ကပ် အလိမ်းခံရတော့သည်။
ကျောင်း၀န်းထဲက တွေ့သမျှ လူတိုင်းက ထွန်းပုကို ကြည့်ပြီး ဟားတိုက်ရယ်ကြတော့သည်။ခမျာမှာတော့ ရှုံ့မဲ့လို့ပေါ့။မျက်နှာလည်း မသစ်ရဲ ။သစ်ရင်နောက်နေ့တွေ့ပါ ထပ်သုတ်မယ်လို့ အပျိုကြီးက ကြိမ်းထားတယ်လေ။

အဖိုးအဖွားတို့ကို လက်သည်း‌ေခြသည်းညှပ်ပြီး ချိန်တွင် မမလဲ့ရည်နဲ့ မမပိတောက်တို့ တရော်ကင်ပွန်း ခေါင်းလျှော်ရည် ချိုုင့်တွေ ဆွဲကာ ဓမ္မာရုံထဲ ၀င်လာကြသည်။

နွေငွေ့ ( summer feelings )Where stories live. Discover now