UNICODE
CRUSH ON YOU
YANG JEONGIN × BANG CHAN-JEONGCHAN
တက္ကသိုလ်ဝင်းကြီးဟာ ကျယ်ဝန်းကာ လေတဝေ့ဝေ့မှာ အမှတ်တရတွေကို ချန်ထားခဲ့ဖို့ကောင်းအောင် ပတ်ဝန်းကျင်က အေးချမ်းလှသည်...ထိုရပ်ဝန်းထဲ Canteen Cafeတစ်နေရာလေး၌ ရယ်မောစနောက်နေတဲ့ လူငယ်တစ်စုသည်လဲ တက္ကသိုလ်ကျောင်းသားဟူသော လွတ်လပ်သည့် အခေါ်တစ်ခုနှင့်အညီ ပျော်လိုက်၊ ရယ်လိုက်၊ စနောက်လိုက်၊ ဗရုတ်သုတ်ခလေးတွေ ကျလိုက်နဲ့...။
"Chan...ဒီနေ့ ဘယ်လိုဖြစ်တာလဲ..."
Changbinက Chanသောက်နေတဲ့ ရေခဲလွတ် Jucieခွက်ထဲကို ရေဆူဆေးပြားလေး လှမ်းထည့်ပေးပြီး မေးသောအမေးတွင် အစောက ရယ်သံတွေက ချုပ်ငြိမ်းသွားကာ Chan'ဆီကို အုပ်စုလိုက်က အာရုံရောက်သွားသည်...ထိုအခါမှ သူတို့တွေပါ သတိထားမိခြင်းသည် Chanသည် အရင်လို စာအုပ်ကြီးသမားနှယ် စာထိုင်ဖတ်နေတာ မဟုတ်သလို အေးအေးလူလူ အစားစားနေခဲ့တာလဲ မဟုတ်ပါပဲ တစ်စက်မှ မလျော့သေးတဲ့ အအေးခွက်ကို ပိုက်နဲ့မွှေရင်း အတွေးများနေတယ်ဆိုတာပင်...
"ဒီအတိုင်း...စဥ်းစားစရာလေးရှိလို့...ငါ့ကို အာရုံထားမနေနဲ့..."
ပြောပြောဆိုဆိုဖြင့် ပိုက်မွှေနေခြင်းအားရပ်ကာ စားပွဲပေါ်မှ မဖတ်ဖြစ်ပဲ ချထားတဲ့ စာအုပ်တချို့ကို ဘေးလွယ်အိတ်အနက်ထဲ ကောက်သိမ်းထည့်ပြီး Chanက ထွက်သွားဖို့ပြင်သည်...ကျန်သူတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အသံတိတ် အမေးထုတ်မိကြပေမဲ့ Chan'ကိုတော့ နှောင့်ယှက်ခြင်းမရှိပဲ လွှတ်ထားပေးသည်...
Chanသည် ထိုစားပွဲဝိုင်းမှ ထထွက်လာပြီး Cafeဆီက အထွက်တွင် လူလေးယောက်အုပ်စုနဲ့ ဘေးတိုက်ဆိုသလိုတွေ့ကာ အကြည့်တွေဟာ ထိုအထဲမှ ရွှေဝါရောင်ဆံနွယ်တွေရှိသော အပြုံးလှလှများဖြင့် ကောင်လေးတစ်ယောက်နှင့် သွားရောက်ဆုံသည်...
YOU ARE READING
ᗰᗴᗰO ☪ SKZCHAN ✔
FanficA ᵐᵉᵐᵒ of our dearest ᴇxɪsᴛᴇɴᴄᴇ ︎from this Universe☀︎︎ SKZCHAN ONESHOT COLLECTION. !BUT Mostly JeongChan! *Cause It's my Favourite Do,Sub Ship. !BANGCHANCENTRIC BURMESE!