UNICODE
MASTER'
HAN JISUNG × CHAN
!ANGST!-SUNGCHAN
သခင်ဟာ တည်ငြိမ်အေးချမ်းသည်...
သခင်ဟာ ရိုးသားဖြောင့်မတ်၏...
သခင်က သဘောကောင်းသိမ်မွေ့ပြီး...
သခင်က နူးနူးညံ့ညံ့ ရှိလွန်းလှသည်...
သခင်သည်...
သူအသက်ရှူဖို့ရာ အောက်ဆီဂျင်တစ်ဖြစ်လဲ...
သခင်သည်...
သူမွန်းကျပ်ဖို့ရာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပဲ...
သခင်သည်က...
သူ့ရှင်သန်ခြင်းအတွက် အင်အားဖြစ်ပေးသလို...
သခင်သည်သာ...
သူ့သေဆုံးခြင်းအတွက် နိဂုံးချုပ်ပေးနိုင်တာမျိုး...
'သူ'ဆိုတာ...
သခင့်အပိုင် ဖြစ်နေခဲ့တာမို့...။_ MASTER' _
အိမ်တော်ကြီးအတွင်း အလုပ်သမားတွေက ကိုယ်စီအလုပ်ရှုပ်နေကြသည်...အလှပန်းအိုးတွေကို အစီအရီပြင်ဆင်နေကြသော မိန်းကလေးတချို့က အချိန်တစ်ခုကို သတိထားမိသွားကာ အချင်းချင်း အချက်ပြခေါင်းငြိမ့်ရင်း စီတန်းစွာဖြင့် အိမ်တံခါးမကြီးဘေးမှာ ညီညီညာညာ ရပ်လိုက်ကြသည်...မကြာခင်တွင်ပင် တခြားနေရာအသီးသီးမှာ တာဝန်ကျတဲ့ အလုပ်သမားတွေဟာလဲ ရောက်လာကြပြီး ခေါင်းကိုငုံ့ထားလျက် အရိုအသေပေးသော အနေအထားအား အသင့်ပြင်၍ နေကြသည်...
လှေကားထစ်တလျှောက် သိမ်မွေ့စွာ ဆင်းသက်လာသော ခြေဖဝါးတွေကြောင့် ခြေသံက မကြားရလောက်အောင် တိတ်ဆိတ်သော်လည်း တန်ဖိုးကြီးရေမွှေးအနံ့နဲ့တင် သူတို့အိမ်က အိမ်တော်သခင်ရဲ့ ပေါ်ထွက်လာမှုကို အားလုံးကသိကြသည်...အိမ်တော်သခင်လေးသည် ထုံးစံလို အနက်ရောင်ရှပ်လက်ရှည်ကို အပေါ်ကြယ်သီးလေး ဖြုတ်ဝတ်ထားကာ လွတ်လွတ်လပ်လပ် အနေအထားနှင့်...အိမ်တံခါးမဆီသို့ ရောက်လာသည်တွင် အနောက်ကို ခေတ္တပြန်လှည့်ကြည့်တော့ အိမ်တော်သခင်လေးနဲ့အတူ ထပ်ကြပ်မကွာ ပါလာသူဟာ လက်မှာချိတ်ထားတဲ့ Suit Coatလေးကို သခင်လေးဖြစ်သူဆီ လက်လွှဲပေးလိုက်ပြီး...
YOU ARE READING
ᗰᗴᗰO ☪ SKZCHAN ✔
FanficA ᵐᵉᵐᵒ of our dearest ᴇxɪsᴛᴇɴᴄᴇ ︎from this Universe☀︎︎ SKZCHAN ONESHOT COLLECTION. !BUT Mostly JeongChan! *Cause It's my Favourite Do,Sub Ship. !BANGCHANCENTRIC BURMESE!