Tʜᴇ Oɴᴇ Wʜᴏ Lᴇғᴛ »ʲᵉᵒⁿᵍᶜʰᵃⁿˢᵘⁿᵍ«✓

115 6 34
                                    

UNICODE

THE ONE WHO LEFTYANG JEONGIN × BANG CHAN × HAN JISUNG!ANGST,TRIANGLE!

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

THE ONE WHO LEFT
YANG JEONGIN × BANG CHAN × HAN JISUNG
!ANGST,TRIANGLE!

-JEONGCHANSUNG

အငွေ့အသက်တွေဟာ ရူးစေခဲ့သည်...။
ကယောင်ခြောက်ခြားနဲ့ လွတ်ထွက်မသွားအောင် ဆွဲထားခဲ့သော်ငြား လွတ်ချင်တဲ့အရာက စိတ်အားထက်သန်နေမှတော့ တားမိတဲ့ သူ့လက်တွေကပဲ အရူးဖြစ်ကာ ပြုတ်ကျကျန်ခဲ့ရသည်ပေါ့...
ကွဲအက်စွာ ထွေးပိုက်ထားတဲ့ ဒဏ်ရာတွေကို တစ်စက်ကလေးမှ လှည့်မကြည့်နိုင်ပဲ ပစ်ရက်သူကတောင် ပစ်ချခဲ့သေးတာပဲ...
ဘဝကြီးပျက်စီးတဲ့အထိ ခံစားပေးရလောက်အောင်လဲ ဒီဆက်ဆံရေးမှာ သူက အပြစ်လုပ်မိတဲ့သူ မဟုတ်ခဲ့ဘူးလေ...
ရင်ဘတ်တွေ နင်းကန်နာရတာလောက်တော့ရှိပေမဲ့ အပြုံးမပျက်ပဲ ဘဝသစ်ကို စတင်နိုင်တဲ့အခါ သူက တစ်လောကလုံးမှာ အနိုင်ရသူပဲ... 

အတိတ်တွေကို လွှင့်ပစ်လိုက်မယ်...
ငါသန်မာနေမှဖြစ်မှာမို့...
ငါ့ရှင်သန်ခြင်းကသာ ငါ့အတွက် အရေးကြီးလို့...
ငါ့ရဲ့တခဏတာ အမှားပေါ်လိုက်ပြီး ဝမ်းနည်းပြမနေတော့ပဲ ပစ္စုပ္ပန်မှာ အေးစက်စွာနဲ့ မာနရှိရှိနေထိုင်တယ်...
အနည်းဆုံးတော့ ငါ့ဘေးနားမှာ ငါကလွဲပြီး ဘာကိုမှမမြင်တဲ့ တုံးအအကောင်လေးတစ်ယောက်က အမြဲရှိနေပေးလိမ့်မှာပဲ...။

THE ONE WHO LEFT

"Chan...ကော်ဖီရပြီ..."

ကွန်ပျူတာထဲ အာရုံစိုက်နေခြင်းတွင် ကော်ဖီနံ့သင်းသင်းလေးနဲ့အတူ အနားသို့ ရောက်လာခဲ့တဲ့ ကောင်လေးကြောင့် Chanဟာ ချက်ချင်းပင် အာရုံတွေလွှဲကာ စားပွဲပေါ်ချလိုက်တဲ့ ကော်ဖီခွက်လေးကိုကြည့်သည်...ထို့နောက် ဘေးကပြန်ထွက်သွားဖို့ပြင်နေတဲ့ ကောင်လေးကို လက်ကောက်ဝတ်လေးဆီ လှမ်းဆွဲပြီး သူနဲ့အတူ ဆိုဖာပေါ်တွင် ဝင်ထိုင်စေသည်...

ᗰᗴᗰO ☪ SKZCHAN ✔Where stories live. Discover now