အပိုင်း(၁)

2.1K 126 107
                                    

ပူပြင်းတဲ့ ဧပြီနွေ. .

ခင်ဗျားအကြောင်းတွေးမိတော့ နွေညဟာ ပူလိုက်တာ အလူးအလဲ . .

ခင်ဗျားမျက်နှာလေး ပြေးမြင်မိပြန်တော့
ဧပြီနွေဟာ ချက်ချင်း ဒီဇင်ဘာ.  .

အေးချမ်းတယ်၊ တည်ငြိမ်တယ်
ဒါပေမယ့် ခင်ဗျားဟာ သိပ်ဆိုးတယ် ၊ ပြီးတော့ ခင်ဗျားကလေ အမြင်ကတ်စရာ အင်မတန်မှ အင်မတန်ကောင်းတယ်။

ကျွန်တော့်ကို စိတ်ရှုပ်အောင်လုပ်တာ ခင်ဗျား
အိပ်မရအောင် အတွေးထဲ လာလာဝင်ခဲ့တာလည်း ခင်ဗျား

နွေညကြီးက ရှည်လျားလွန်းလိုက်တာ. . .

                                    တစ်ထောင့်တစ်ည ဧပြီ၊
၂နာရီ ၃၅မိနစ် ၂၀စက္ကန့်၊ တနင်္လာ
                                     စာမျက်နှာ. . ၁။ ။

***
>ဧရိယာမှာ ပန်းစပွင့်ခြင်း<

ဧပြီနွေဟာ ပူပြင်းလွန်းသည်။

ယနေ့သည် ယမန်နေ့များကထက်ပင် အပူချိန်ပိုတိုးလေသောကြောင့် ထယ်ယောင်း ရပ်စောင့်နေရသည့် ခြေထောက်များ အနည်းငယ် ယိုင်ခွေချင်လာသော်ငြား ပင်ပန်းသည့်ပုံ စိုးစဥ်းမျှ သူမပြု။

ဒါသည် သူ၏ သန်မာသော စိတ်ကြောင့် ယင်းသို့ တောင့်ခံနေခြင်း ဖြစ်ချေမည်။သို့မဟုတ် အထိုအား ဂရုမစိုက်အားသည်လား၊ ညောင်းညာခြင်းအား လစ်လျူရှုနေသည်လား မပြောတတ်ချေ။
သူကိုယ်တိုင်ပဲ သိလိမ့်မည်။

သို့ပေသည့်
အတိအကျ ဒီနေရာမှာ ရပ်စောင့်နေတာသည် ၃နာရီ ၂၄ မိနစ်၊ ၄၅ စက္ကန့် ။

များပြားသည့် ဤ​နာရီအချိန်များကြား
နွေအပူသည် ခန္ဓာအား အားအင်ယုတ်လျော့​စေ၏။

ဘူတာရုံငယ်ထဲ ဟိုဒီသွားနေသော လူများအား
တစ်ချက်ကြည့်ကာ အနည်းငယ် နှောက်ထွေးစပြုနေသော ခေါင်းက
ပို၍ပင် မူးချင်လာ၍ လက်ညှိုးဖြင့် သက်သာလိုသက်သာငြား
နားထင်အား တစ်ချက်ဖိလိုက်သည်။

ဒယ်ဂျွန့်ဧရိယာ Where stories live. Discover now