အပိုင်း(၄)

512 65 96
                                    

ချစ်ခြင်းအစမျက်လုံးကတဲ့. .
ဒါကို ကျွန်တော်လက်ခံတယ်။

ဘာလို့်လဲဆို
ခင်ဗျားမျက်လုံးထဲက ကြယ်ကြွေတွေမှာ အချစ်တွေရှိနေလို့

ကြယ်တွေရေတွက်ရင်း ခင်ဗျား မျက်တောင်မျှင်လေးတွေကိုပါ ​လက်ချိုးရေတွက်မိပြန်တယ်။

မျက်တောင်မျှင်လေးတွေမှာ အချစ်တွေရှိနေတယ်။

အချစ်မျက်တောင်မျှင် အရေအတွက် တစ်ထောင့်ငါးရာ
ကြယ်ကြွေစုစုပေါင်းလည်း တစ်ထောင့်ငါးရာ. .။


နှလုံးခုန်သံ အရေအတွက်လည်း တစ်ထောင့်ငါးရာ. . ။ ။

ဟုတ်ကဲ့။ ။ဒီညလည်း ကျွန်တော် အိပ်မပျော်ပြန်ပါဘူး။


တစ်ထောင့်တစ်ည ဧပြီ|
၁နာရီ ၊ ၁၈ မိနစ်၊ ၂၄ စက္ကန့်၊ ၊ ကြာသပတေး
စာမျက်နှာ ။ ၄

****
> ဧရိယာ၏ အပြာရောင်ပန်းပွင့်ကလေး <
________

အဝတ်မဲ့နေသော ရင်ခွင်ထဲ ပြိုဆင်းလျက်ရှိသော သူ့ခန္ဓာသည် အခြေအနေအားဖြင့် အလွန် ကမောက်ကမ ဆန်လွန်းသည်။အတိအကျပြောရရင် အလွန့်အလွန် အင်မတန်မှ ကြည့်ရှု၍ မကောင်း၊ မြင်၍ ပနံ မသင့်ပေ။ရုန်းထွက်ဖို့ အလွန်လိုလှ၏။

သို့သော် အဘယ်ကြောင့်များ ရုန်းထွက်ရန် ခက်ခဲနေရပါသနည်း။

အဘယ်ကြောင့်များနည်း?

အထိုအဖြေအား ဂျီမင်း လျှင်မြန်စွာ ရှာဖွေတွေ့ရှိသည်။

ကြည့်မဝ ၊ ခွာမရ ဖြစ်နေသည့် အဓိက အကြောင်းအရင်းဟာဖြင့်
ဒီလူကြီး၏ ခပ်လှလှ
မျက်လုံးအိမ် နှစ်ခုကြောင့်။

ကြယ်ကြွေတွေရှိသလို. .
သံလိုက်ဓာတ်တွေလည်းရှိနေသည်။
ကမ္ဘာမြေကြီးရဲ့ ဆွဲအားထက်ပြင်းတဲ့ ဆွဲအားနဲ့ လူကို ဆွဲငင်ထားတယ်။

ခင်ဗျားက သိပ်ဆိုးလိုက်တာ။ ။
ဆွဲငင်တယ်။ နစ်မွန်းတယ်။ရုန်းမရအောင် ပြုစားတယ်။
လူကို အမျိုးမျိုး စိတ်ထွေပြားအောင် လုပ်နေတော့တာပဲ။

ဒယ်ဂျွန့်ဧရိယာ Where stories live. Discover now