အပိုင်း(၅)

720 69 71
                                    

အချစ်ဆိုတာ ဘယ်လိုမျိုးလဲ.  .?

ပူလောင်ခြင်းလား ၊ အေးချမ်းခြင်းလား
ဒါမှမဟုတ်
နာကျင်ခြင်းလား?

တခါမှ မထိတွေ့ဖူးခဲ့လို့ ချိုသလား၊ ချဥ်သလား
အတိမ်အနက်သဘောတောင် ကျွန်တော်မသိဘူး။

တစ်ခုတော့ သိတယ်။

ကျွန်တော့်အတွက်တော့ အချစ်ဟာ ခင်ဗျားနှုတ်ခမ်းပါးအောက်က မှဲ့နက်လေးပဲ ဖြစ်ရမယ်။


ဘယ်လိုတောင် စာဖွဲ့ပြရမလဲ ?ကျွန်တော်ကတော့ သိပ်သဘောကျတာပဲ။

ခပ်ဖွဖွ ကိုင်ကြည့်ချင်မိတယ်။

ဒီလိုဆို ခင်ဗျား ပြုံးနေမလား။ သေချာသလောက်တော့ ပြုံးနေလောက်မှာပေါ့။
ဟော. .ခင်ဗျားပုံစံလေးမြင်မိရုံနဲ့တင် ကျွန်တော်ပါလိုက်ပြီး ပြုံးမိပြန်ပြီ။

ဘယ်လိုလုပ်မလဲ ဒီညလည်း ခင်ဗျားအကြောင်းတွေးမိနေလို့
အိပ်မပျော်ပြန်တော့ဘူး။

ခင်ဗျားက သိပ်ဆိုးတာပါကွာ ။

တစ်ထောင့်တစ်ည ဧပြီ|
၃နာရီ၊ မိနစ် ၃၀ ၊ ၅ စက္ကန့်၊ သောကြာ
စာမျက်နှာ ။ ၅ ။

*****
> အချစ်နိဗ္ဗာန်ဘုံအကြောင်း ဒယ်ဂျွန်ရှင်းပြမယ်<
________
ပိုင်း(၅)

" ငါ့ဘဝကို ပြောပြမယ် ရီသံတွေ ခနရပ်ပေးပါအုံး..အုံ''

ထိုးထွင်းထွက်လာသည့် အသံခပ်ပြဲပြဲကြောင့်
အိမ်ငယ်လေးထဲရှိ လေထုသည်
တမဟုန်ချင်း တိတ်ဆိတ်သွားသည် ။

အထိုအသံလားရာ ပိုင်ရှင်သည်
ကင်မ်ဆော့ဂျင်- ဟူသော ယောကျာ်းပျိုထံမှ ဖြစ်၏။

စင်စစ် အနှီ အမျိုးသားသည် ယနေ့မနက် အစောပိုင်းတွင်ပဲ
ဧရိယာသို့ တဖန်အသစ်ရောက်ရှိလာသော သူဖြစ်သည်။

ရုပ်ရည်အားဖြင့် ခွဲခြမ်းစိတ်ဖြာရရင်တော့

အင်မတန် ကြည့်ကောင်းသော သွင်ပြင်ထဲ ပါဝင်သည်။

You've reached the end of published parts.

⏰ Last updated: May 19 ⏰

Add this story to your Library to get notified about new parts!

ဒယ်ဂျွန့်ဧရိယာ Where stories live. Discover now