အပိုင်း(၃)

680 81 146
                                    

ကောင်းကင်ပေါ်က ကြယ်တွေကြွေရင်
ဘယ်ကို ကျပျောက်သွားတာလဲ?

ကျွန်တော့်မှာ အဖြေတစ်ခုရှိတယ်။
တကယ်က ခင်ဗျား မျက်လုံးထဲ ကြွေကျသွားကြတာ။

ခင်ဗျားမျက်လုံးထဲမှာ ကြယ်ကြွေတွေရှိတယ်။
စုစုပေါင်း ကြယ်ပွင့် တစ်ထောင့်ငါးရာ. .

လှလှပပလေးမို့ ငေးကြည့်နေမိတယ်။ သိပ်ကိုတောက်ပတာပဲ။ မျက်တောင်ခတ်ပစ်ရမှာတောင် နှမြောမိတယ်။ ဂလက်ဆီကြယ်စုတန်းလေးလိုမျိူး။

တကယ်လှတာ ကျွန်တော်မလိမ်ဘူး။

စားပွဲပေါ်က နာရီသေးသေးက အချိန်စက်ဝိုင်းကို ပြလို့နေတယ်။မျက်တောင်တွေက တဖျတ်ဖျတ်။

ဒီညလည်း မနေ့ညကလိုပဲ။

။အိပ်မရပြန်တော့ဘူး.  . .ခင်ဗျားရယ် ။

    တစ်ထောင့်တစ်ည ဧပြီ |
၂နာရီ ၊ ၅၆ မိနစ် ၊ ၂၃ စက္ကန့် ၊ ဗုဒ္ဓဟူး
စာမျက်နှာ.  .။ ၃

*****
> ဒုတိယအကြိမ် ဧရိယာမှာ ပန်းတစ်ပွင့် ပွင့်ခြင်း<
_________

" ဘယ်တွေထိ သွားနေတာလဲ၊ ဂျီမင်းရာ~ ။ ငါက မင်းမလာသေးလို့ စိတ်တွေပူနေတာ၊ ရောက်လာလို့တော်သေးတယ်၊ ငါ အခုပဲ လိုက်ရှာတော့မလို့. .ဘယ်တွေအထိ သွားနေတာတုန်း!''

ထယ်ယောင်း ၏ အသံသည် စိုးရိမ်မှု ၊ စိတ်မချမှုများ ရောပြွန်းနေသည်။ဖျော့တော့တော့မဟုတ်။ ဤဟာ လေးနက်၏။ နွေအပူ၊လေအပူထက် ရင်အပူက မီးထက်ဆိုးသည်။

တမြေ့မြေ့နဲ့ လောင်ကျွမ်းသွားတယ်။ ပြာကျတဲ့အထိ တဖြည်းဖြည်း ဆွေးမြေ့သွားပြန်တော့
ဆောက်တည်ရာမဲ့ သွေးတွေပျက်တယ်၊ ၊ နွေအပူဟာ ကဗျာမဆန်ဘူး။

ထယ်ယောင်း အသက်ရှူလေများအား အပြင်သို့ ခပ်ကြမ်းကြမ်း ထုတ်လွှတ်လိုက်သည်မို့ တမဟုန်ချင်း အနီးအနားရှိ လေထု ပူနွေးသွားသည်။

သူ့မှာ ဒီသူငယ်ချင်းလေး မလာသေးလို့ ဘယ်လောက်စိတ်ပူ၊ စိတ်မချဖြစ်နေလိုက်နေလိုက်ရသလဲ။ အထို ခံစားချက်အား
သူမှလွှဲ၍ မည်သူက ပို၍ တိတိကျကျ သိအုံးမည်နည်း။

ဒယ်ဂျွန့်ဧရိယာ Where stories live. Discover now