ဂျိုဆွန်း(သို့)ကျိုဆောန်သည် ရာစုနှစ် ၅ခုမျှ တည်တံ့သော ကိုရီးယားမင်းဆက်တစ်ခုဖြစ်သည်။
ဘုရင်ဂွန်မင် လက်ထပ်တွင်စစ်တပ်ကခုခံတွန်းလှန်မှုအပြီး ပြင်းထန်သောနိုင်ငံရေးပဋိပက္ခများဖြစ်ပွါးခဲ့ပြီးနောက်ဆုံးတွင် ဂိုလျောသည် စစ်ဗိုလ်ချုပ်ယီဆောင်ဂဲ ဦးဆောင်သောစစ်တပ်၏တော်လှန်မှုတွင် ပျက်သုန်းခဲ့ရပြီး ယီဆောင်ဂဲမှ ၁၃၉၂ဇူလိုင်လ ၁၇ရက်တွင် ဂျိုဆွန်းကိုတည်ထောင်ခဲ့သည်။နန်းတွင်း၏ စာကြည့်ဆောင်တစ်ခုအတွင်း၌ အိမ်ရှေ့စံမင်းသားတစ်ပါးသည် တစ်စောင်တစ်ဖွဲ့ရေးသားထားသော ဂန္တဝင်မြောက်ကျမ်းဂန်စာပေတစ်အုပ်ကို စိတ်ဝင်တစားလေ့လာဖတ်ရှုနေတော့သည်။ ထိုမင်းသား၏ ခပ်လှမ်းလှမ်းတွင် မင်းသား၏ကိုယ်ရံတော်သည်လည်း သိုင်းကျမ်းစာပေစာရွက်များကို တစ်ရွက်ပြီးတစ်ရွက် လှန်လှောကာဖတ်ရှုနေတော့သည်။
" မင်းသား...ကျွန်တော်မျိုး နန်းဆောင်အပြင်ဘက်သို့ ခဏလောက်သွားလို့ရနိုင်မလားခင်ဗျာ.."
" ဘာအတွက်နဲ့လဲ ကိုယ်ရံတော်ကင်မ်..."
" မင်းသားလည်း စာဖတ်နေတာဆိုတော့ ကျွန်တော်မျိုးများ ခဏအနားရမလားလို့ပါ.."
" နေစမ်းပါဦး..အခုမောင်မင်းပြောချင်တာက
ငါကိုယ်တော်က မောင်မင်းကို အားလပ်တောင်မပေးပါဘဲ မညှာမတာခိုင်းစားနေတယ်လို့ပြောချင်တာလား.."သူသက်ပြင်းသာမသိမသာခိုးချလိုက်တော့သည်။
" အဲလိုမျိုးပြောတာမဟုတ်ပါဘူးမင်းသား..
ကျွန်တော်မျိုးလည်း အပြင်မသွားတော့ပါဘူး.."" စာပေဆိုတာလေ့လာရတယ်ဆိုတာ မောင်မင်းသိလား...
အသိပညာတွေအတတ်ပညာတွေဆိုတာ ဒီစာပေတွေအထဲမှာမှအများကြီးပါရှိတယ်...
မောင်မင်းက ငါကိုယ်တော်ရဲ့ကိုယ်ရံတော်ဖြစ်သည့်အတွက် ဓားရေး၊လှံရေးကျွမ်းကျင်ရုံနဲ့မရဘူး အသိပညာပါ ကြွယ်ဝနေရမယ်..သဘောပေါက်လား.."" ကျွန်တော်မျိုးက ကိုယ်ရံတော်ပါမင်းသား..
အကြံပေးအရာရှိအမတ်လည်း မဟုတ်ပါဘူး အဲဒါကြောင့်..အတော်အသင့် သိရုံတတ်ရုံလောက်ဆို ရပါတယ်..."
YOU ARE READING
There are no laws 🏹{ ပညတ်တွေမရှိသော }Complete✅
Fanfiction🏹နီးလွန်းသည့်မေတ္တာတွေဟာမမြင်နိုင်ခဲ့ဘူးပေါ့ မောင်မင်းသာကြည့်တတ်ခဲ့မည်ဆိုပါလျင်🌸