မနက်မိုးသောက်အလင်းရောက်လာခဲ့သော်.....
ကိုယ်ရံတော်ကင်မ်တစ်ယောက် တစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်နေရာကနေ လှုပ်လှုပ်ရှားရှားရှိလာခဲ့တော့သည်။
သို့ပေသည့်..နိုးတော့မလာခဲ့သေးချေ။" ကင်မ်ဆော့ဂျင် ဘယ်အချိန်ထိဆက်ပြီးအိပ်ဖို့တွေးထားနေတော့တာလဲ..."
သူ့အသံကြားတော့မှ မျက်လုံးတွေမပွင့်တပွင့်ဖြင့်နိုးလာတော့သည်။
" ဟုတ်ပါရဲ့...မင်းသားလည်းအိပ်ရဦးမှာကို....
အိပ်ပါမင်းသား..ကျွန်တော်မျိုးစောင့်ပေးပါ့မယ်တစ်ညလုံး..."အိမ်ရှေ့စံတစ်ယောက် တစ်ညလုံးမအိပ်ခဲ့ရသည့်မျက်လုံးတွေဟာစပ်ဖျင်းနေခဲ့ပေမယ့် ကင်မ်ဆော့ဂျင်၏အက်ရှရှဖြင့်ပြောလာသည့်စကားသံတွေကြောင့် ပြူးကျယ်သွားရတော့သည်။
သူ ဘယ်လိုအားကိုးရသည့်ကိုယ်ရံတော်ကို အနားမှာထားမိနေတာပါလိမ့်....
ဗိုက်ဆာတော့လည်း သူသာလျင်ရှာဖွေကျွေးမွေးခဲ့ရသည်။ ညအိပ်တော့လည်း သူသာပင် စောင့်ရှောက်ပေးခဲ့ရ၏။
ဘယ်သူကအိမ်ရှေ့စံ ဘယ်သူကကိုယ်ရံတော်ဆိုတာတောင်မသဲကွဲတော့သည့်အဖြစ်ပင်။" ကင်မ်ဆော့ဂျင် အခုလက်ရှိပစ္စုပ္ပန်ကိုလည်းရှေးရှုကြည့်တော်မူပါဦးလား..."
သူပြောမှ သူ့စကားကိုနားမလည်သည့်ပုံစံဖြင့် ဂူအပေါက်ဝသို့လှမ်းကြည့်တော့သည်။
ဆော့ဂျင် အိပ်ချင်မူးတူးဖြစ်နေရာမှ မျက်လုံးတွေဝိုင်းစက်သွားတော့သည်။
အခု မနက်မိုးသောက်အလင်းရောက်သွားခဲ့တော့တာလား။
အစောက ဂူအတွင်းကအလင်းရောင်ကို မီးဖိုထား၍မီးဖို၏အလင်းရောင်ဟုသာ သူထင်ခဲ့မိသည်။ ဒါဆို သူတစ်ညလုံးအိပ်ပျော်သွားခဲ့သည်လား ။ ဒါဖြင့်ရင် အိမ်ရှေ့စံကရော........" ပြူးတူးတူးကြောင်တောင်တောင်နဲ့ ဘာထိုင်လုပ်နေတာလဲ....
နန်းတော်ကိုပြန်ဖို့ရော စိတ်ကူးရှိရဲ့လား..."" ရှိပါတယ်မင်းသား..."
" ဒါဖြင့်ထလေ...
ငါကိုယ်တော်ကမြင်းပေါ်ကိုတောင်ပွေ့ချီပြီးတင်ပေးနေရဦးမှာလား..."
YOU ARE READING
There are no laws 🏹{ ပညတ်တွေမရှိသော }Complete✅
Hayran Kurgu🏹နီးလွန်းသည့်မေတ္တာတွေဟာမမြင်နိုင်ခဲ့ဘူးပေါ့ မောင်မင်းသာကြည့်တတ်ခဲ့မည်ဆိုပါလျင်🌸