".......... ဟင်အချစ်..."" အ...အချစ်??...
" အခုအဲဒါ ကျွန်တော်မျိုးကိုခေါ်လိုက်တာလား??....."
" ဒီမှာနှစ်ယောက်တည်းရှိနေတာလေကွာ
ဘယ်သူ့ကိုခေါ်တယ်ထင်နေလို့လဲ...."ဆော့ဂျင် အံ့ဩနေသည့်မျက်ဝန်းတွေကနေ ချက်ချင်းအောက်သို့လွှဲချကာ ခေါင်းကိုငုံ့ထားလိုက်တော့သည်။ အခုသူ မင်းကြီးဆီကအနမ်းခံလိုက်ရသည့်အပြင် ထူးဆန်းသည့်အခေါ်အဝေါ်တွေပါအခေါ်ခံလိုက်ရတာဖြစ်တော့သည်။
အတော်အတန်ကြာသည်အထိ မျက်နှာပြန်မော့မလာတော့သည့်ဆော့ဂျင်ကြောင့် မင်းကြီးဂျွန်က မေးဖျားလေးကိုလက်ချောင်းလေးတွေဖြင့်ကိုင်ကာ အသာအယာမော့စေလိုက်တော့
မျက်ရည်တွေလဲ့နေသည့် မျက်ဝန်းလေးကိုတွေ့လိုက်ရတော့သည်။" ဟင်..ဆော့ ဆော့ဂျင်....
ဘာလို့လဲဟင် ဘာလို့လဲ...ကိုယ်တော့်အပြုအမူတွေအရမ်းရဲတင်းမိသွားလို့လား ဟုတ်လားဟင်..."ဆော့ဂျင်က သူ့လက်တွေကိုဖယ်ချကာ
ဘာတစ်ခွန်းမှပြန်မဖြေ။ မျက်ဝန်းထဲမှပြည့်နေသည့်မျက်ရည်တွေဟာ ပါးပြင်ပေါ်သို့စီးကျလာတော့သည်။" မငိုပါနဲ့...ကိုယ်တောင်းပန်ပါတယ်နော်
ကိုယ်အရမ်းစိတ်လောသွားတယ်..
တကယ်ဆို ဆော့ဂျင်ဆန္ဒမပါဘဲ ကိုယ်က...."" ဘာလို့မင်းကြီးကအခုလိုတွေလာလုပ်နေရတာလဲ!!..."
ဆော့ဂျင်က ဒေါသသံလေးစွက်ကာငိုသံပါလေးဖြင့်......
" ချစ်လို့ပေါ့...ကိုယ်အရမ်းချစ်လို့ပေါ့ဆော့ဂျင်ရယ်..."
" ဘယ်သူ့ကိုချစ်တာလဲ..."
" ဆော့ဂျင်ကိုပေါ့.....
ဆော့ဂျင်သာကိုယ့်ဘက်ကိုနည်းနည်းလေးမြင်သာအောင်ကြည့်ခဲ့မယ်ဆိုရင် ကိုယ့်အချစ်တွေမြင်ခဲ့ရမှာပါ..."" ဘယ်တုန်းကချစ်ခဲ့လို့ မြင်သာခဲ့ရမှာလဲ..."
ကိုယ်ရံတော်လေးကတော့ဟုတ်နေပြီ။ နှာခေါင်းသံလေးနဲ့ကိုရန်တွေ့နေတော့တာ။ သူ့သူငပိန်းလေးဖြစ်နေခဲ့ပြီး မမြင်ခဲ့တာကို.....
" ငယ်ငယ်လေးကတည်းကပေါ့ ဟိုးငယ်ငယ်လေးကတည်းကချစ်ခဲ့ရတာ..."
" မဟုတ်ဘဲနဲ့...ဘယ်မှာချစ်ခဲ့လို့လဲ အမြဲအနိုင်ကျင့်နေခဲ့ပြီး..."
YOU ARE READING
There are no laws 🏹{ ပညတ်တွေမရှိသော }Complete✅
Фанфик🏹နီးလွန်းသည့်မေတ္တာတွေဟာမမြင်နိုင်ခဲ့ဘူးပေါ့ မောင်မင်းသာကြည့်တတ်ခဲ့မည်ဆိုပါလျင်🌸