🏹 - 5

732 98 4
                                    


ဂျောင်ကု ခမည်းတော်နှင့်မယ်တော်ရှိရာအဆောင်တော်သို့သွားရောက်အခစားဝင်ခဲ့သည်။ ကိုယ်ရံတော်ကင်မ်ကိုတော့ သူ၏မိဘတွေဆီသွားရောက်နေ၍ထားခဲ့လိုက်တော့သည်။ နန်းဆောင်သို့ရောက်တော့ သူ၏ခမည်းတော်က မင်းသမီးလေးယွန်းနှင့်တိုင်ပင်ဆွေးနွေးကြပြီးပြီလားဟု မေးလာတော့သည်။

တကယ်တော့ သူနှင့်ယွန်း ဥယျာဉ်တော်အတွင်း၌တွေ့ကြသည်မှာ၊ထိုအကြောင်းအရာအတွက် ဆွေးနွေးရန်ဖြစ်သည်။ သို့ပေမယ့် ကင်မ်ဆော့ဂျင်ကိုခေါ်လာမိသည်အတွက် အာရုံကသူ့ဆီသို့သာအကြောင်းအရင်းမရှိရောက်ရောက်သွား၍ ယွန်းနှင့်သူ ဒီအကြောင်းအရာအတွက်မဆွေးနွေးဖြစ်ခဲ့ကြပေ။

" သားတော်..."

" မှန်လှပါခမည်းတော်..."

" သားတော်နှင့်မင်းသမီးလေးယွန်းက ငယ်ငယ်လေးကတည်းကနေအခုချိန်အထိ အတူတူကြီးပြင်းလာကြပြီး တစ်ယောက်အကြောင်းလည်းတစ်ယောက်အသိပေကွယ်...
သံယောဇဉ်တွေကလည်း ရှိကြသည်ကို ဘာအတွက်ကြောင့်ဖြင့်အချိန်ဆွဲနေကြရတာလဲ..."

" ဟုတ်တယ်ကွယ်သားတော် မယ်တော်တို့က သားတော်လေးတို့ကိုလက်ဆက်ပေးချင်လှပြီကွယ်..."

" မှန်လှပါ...
သားတော်တို့ကအတူကြီးပြင်းလာကြပြီးတစ်ယောက်နှင့်တစ်ယောက် သံယောဇဉ်ရှိကြသည်ဆိုတာမှန်ပါတယ်၊ သို့ပေမယ့် စည်းမကျော်သည့်သံယောဇဉ်မျိုးပါ ခမည်းတော်နှင့်မယ်တော်..."

" ဘာများလည်းလို့သားတော်ရယ်...
လက်ဆက်ပြီးသွားသည့်အခါ မေတ္တာဆိုတာဖြစ်ပေါ်လာတာပါပဲကွယ်..."

" ခမည်းတော်နှင့်သမားတော်ကင်မ်တောင်...
တစ်နေ့က ခမည်းတော်၏ကျန်းမာရေးအကြောင်းဆွေးနွေးကြရင်း စကားစမည်ပြောဖြစ်ကြသေးတယ်ကွဲ့..."

" ကိုယ်ရံတော်ကင်မ်ကိုလည်း သမားတော်ကြီးဆီမှာဆေးပညာသင်ယူနေသည့် လီမျိုးနွယ်ကမိန်းကလေးနှင့်အရွယ်ရောက်လာကြပြီမလို့ လက်ဆက်ပေးတော့မည်လို့ပြောလာတယ်..."

" သားတော်ရဲ့ကိုယ်ရံတော် ကင်မ်ဆော့ဂျင်ကိုပြောတာများလားခမည်းတော်..."

" ဟုတ်တယ်လေသားတော်...
သမားတော်ကင်မ်ဆီမှာလည်း ဒီသားလေးတစ်ယောက်ပဲရှိတာပါ အခုသားတော်ရဲ့ဘေးမှာအမှူထမ်းနေသည့် ကိုယ်ရံတော်ကင်မ်ကိုပြောတာပေါ့ကွယ်..."

 There are no laws 🏹{ ပညတ်တွေမရှိသော }Complete✅Where stories live. Discover now