ဆော့ဂျင် နန်းတွင်းသို့အဝင် မှူးမတ်တစ်ယောက်လာခေါ်လာ၍ သူ မင်းသား၏အဆောင်တော်သို့လိုက်လာခဲ့လိုက်တော့သည်။
မင်းသား၏နန်းဆောင်ရှေ့ရောက်သော်....
အရှေ့မှာအခြွေအရံတော်တွေနှင့်မှူးမတ်တို့သည် ကြောက်လန့်တကြားဖြင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေရာ သူ့ကိုလည်းမြင်ရော အားကိုးတကြီးပြေးလာကြတော့သည်။" ကိုယ်..ကိုယ်ရံတော်ကင်မ်..ရောက်လာပြီလား..."
" ဘာဖြစ်နေကြလို့ပါလိမ့်..."
" အ..အထဲမှာ အိမ်..အိမ်ရှေ့စံ....."
ဒုန်းးး
ခလွမ်းးး
" အိမ်..အိမ်ရှေ့စံ သောင်းကျန်းနေပါတယ်ကိုယ်ရံတော်ကင်မ်..."
သူ့ကို အားကိုးတကြီးပြောပြနေရင်း အထဲကအသံတွေကိုလည်း ကြားလိုက်ရသည်။
" မင်းသားဘာတွေဖြစ်နေခဲ့တာလဲ..."
" ကျွန်တော်မျိုးတို့လည်း မသိပါရဘူးကိုယ်ရံတော်ကင်မ်...
မင်းကြီးဆီက အခစားဝင်လာခဲ့ပြီးအပြန် အခုလိုသောင်းကျန်းနေတော့တာပါပဲ...
ကျွန်တော်မျိုးတို့ကိုလည်း အထဲကိုတစ်ယောက်မှအဝင်လာမခံပါဘူး..."" ကောင်းပြီ...ကျွန်ုပ်ပဲဝင်သွားလိုက်ပါ့မယ်...
အားလုံးပဲ ကိုယ့်တာဝန်ရှိတာကိုယ်ဆောင်ရွက်နေလိုက်ကြပါ..."_______
" ဘယ်သူဝင်လာရဲတာလဲ ထွက်သွားစမ်း!!!.."
ဆော့ဂျင် သူအထဲသို့ဝင်ဝင်ချင်း မျက်လုံးရှေ့မှာမြင်လိုက်ရသည့်အရာတွေက ပန်းကန်းလုံးတွေရော၊ ကနုတ်ပန်းအိုးတွေပါမကျန် အကုန်တစ်စစီဖြစ်နေလေတော့သည်။
အထဲသို့ဝင်လာသည့်သူကို ရန်မူရန် ဓားရှည်ကိုဆွဲထုတ်လိုက်ပြီးကာမှ သူဖြစ်နေ၍ပြန်လည်ရုပ်သိမ်းသွားခဲ့တော့သည်။
မင်းသား၏ မျက်လုံးတွေဟာနီရဲနေပြီး သူ့ကိုလည်းစိုက်ကြည့်နေတော့သည်။" မင်း..မင်းသား ဘာတွေဖြစ်နေခဲ့တာလဲ..."
" ဘာပြန်လာလုပ်တာလဲ..ထွက်သွားဝေးဝေး!!.."
" မင်းသား..."
" ပျော်လား...."
".??"
YOU ARE READING
There are no laws 🏹{ ပညတ်တွေမရှိသော }Complete✅
Fanfic🏹နီးလွန်းသည့်မေတ္တာတွေဟာမမြင်နိုင်ခဲ့ဘူးပေါ့ မောင်မင်းသာကြည့်တတ်ခဲ့မည်ဆိုပါလျင်🌸