3

241 22 0
                                    

တချို့စကားလုံးတွေက unicode နဲ့ ပေါင်းလို့မရတာမို့ ဖြည့်တွေး‌ပေးကြပါနော်

ဂျယ်ယွန်း ဆိုင်အားသေချာပိတ်ကာ ပုံမှန်အတိုင်း ကားမှတ်တိုင်အား သွားလိုက်သည်။ သူ့အနောက်ကပါလာသည့် ခြေသံ ကို လျစ်လျူရှုကာ အတတ်နိုင်ဆုံးစိတ်ကို စုစည်းထားရသည်။

ခန‌နေတော့ဘက်စ်ကား ရောက်လာတာ‌မို့ ကားပေါ်တက်ခါ ဒုတိယခုံမြောက်လောက်တွင်ထိုင်လိုက်သည်။သူနောက်က ခြေသံကတော့ ပျောက်သွားပြီဖြစ်သည်။

ဂျယ်ယွန်းအိမ်ပြန်တဲ့လမ်းတလျောက် ဘက်စ်ကားပြတင်းပေါက်ကိုသာ ငေးကြည့်နေခဲ့သည်။

သူ.....
သူကဘာလဲ သူကဘာလို့ငါ့ကိုဒီလိုတွေလုပ်နေရတာလဲ....ဘာကိုလိုချင်တာလဲ ငါ....ရဲတိုင်လိုက်ရမလားးးး ဒါ ဒါ‌‌ေပ့မယ်

*‌ဒီနေ့ဖြစ်ခဲ့တာတွေကို ဘယ်သူ့ကိုမှ အသိမပေးရဘူးနော်....မဟုရင်...အင်းးးကိုယ် ဘာလုပ်မိမလဲ မသိဘူးရယ် အဲ့ဒါကြောင့် ကိုယ့်ရဲ့ခွေးပေါက်လေးကလိမ်လိမ်မာမာ‌ေန‌ပေးနော်*

သူပြောခဲ့တ‌ဲ့စကား!

" ဟူးးး"

ဂျယ်ယွန်းသက်ပြင်းသာချမိသည်။မေမေတို့ကိုပြောရင် ပိုစိတ်ပူမှာ။ဘယ်လိုလုပ်ရမလဲ ဂျယ်ယွနအနီးအနားကလူတွေ သူ့ကြောင့်တခုခုဖြစ်မှာစိူးတယ်။

"ကျစ် ဘာလဲကွာ ‌အဲ့လူ"

ဂျယ်ယွန်းမကျေမချမ်းဖြင့် တိုးတိုးလေးရေရွတ်လိုက်သည်။ ခန‌နေတော့ သူ့တို့ရက်ကွက်က မှတ်တိုင်ရောက်ပြီမို့ ဂျယ်ယွန်းထိုင်ခုံကထကာ ကားပေါ်ကဆင်းလိုက်သည်။

မှတ်တိုင်ကနေ လမ်းအတော်အတန်လျောက်ပြီးမှ ဂျယ်ယွန်းရဲ့ တိုက်ခန်းသို့ရောက်သည်။ လျို့ဝှက်နံပါတ်ကို နှိပ်ပြီး ဂျယ်ယွန်း အခန်းထဲဝင်သွားသည်။ ဝင်သွားသည်နှင့်တွေလိုက်ရတာက

"ဟာ ဒီကောင်ဘီယာဘူးတွေ မသိမ်းခဲ့ပြန်ဘူး ကျစ်"

ဂျယ်ယွန်းစိတ်ပျက်လက်ပျက်ဖြင့် လွယ်အိတ်ကိုပြစ်ချကာ သကောင့်သား သောက်ခဲ့တဲ့ဘီယာဘူးတွေကို ရှင်းရသည်။

လူက ကြောက်စရာနဲ့ကြုံလာရလို့ပင်ပန်း‌ေနရပါတယ်ဆို ဒါတွေလိုက်ရှင်း နေရတာနဲ့ ပိုပင်ပန်းရသည်။

Mind game Where stories live. Discover now