4🩸

260 17 9
                                    

Warning ⚠️

"အား ကျွတ် ကျွတ် ကျွတ် "

သူခေါင်းတခုလုံးဟာ အပ်နဲ့အထိုးခံနေရသလို နာကျင်မှုမျိုးနဲ့ ဂျယ်ယွန်းနိုးထလာခဲ့တယ်။ ခေါင်းကို ကိုင်ကာဖြေးဖြေးချင်းသူထကြည့်တော့ သူနိုးထလာတဲ့နေရာဟာ သူတိုက်ခန်းမဟုမှန်းသူသိလိုက်ရတယ်။

သူအခုရှိနိုးထလာတဲ့နေရာကသူအခန်းထဲက  ကုတင်ကောင်းကောင်းတစ်လုံးပေါ်မှာ မဟုတ်ပဲ အေးစက်နေတဲ့ကြမ်းပြင်ပေါ်မှာဖြစ်တယ် ။သူလက်နှစ်ဖက်နဲ့ ခြေထောက်တွေကို သံချိန်းကြိ‌ုးတွေနဲ့  လဲ ချုပ်ထားခံရတယ်။သူခေါင်းကိုချက်ချင်းအလုပ်ပေးလိုက်ရပြီးဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားရတယ်။

သူ ဟိုလူရဲ့အိမ်လိုနေရာမျိုးကို ရောက်နေတာနေမယ်။သူဒီမှာရှိမနေသင့်ဘူးသူဒီနေရာကနေထွက်သွားရမယ်။ အခုဆိုဆောင်းဟွန်းလဲ စိတ်ပူနေလောက္မှာ။သူတစ်ချက်ရုန်းတိုင်းမှာ သံကြိုးတွေနဲ့ချုပ်ထားတဲ့သူလက္နုနုတွေဟာ နာကျင်ရပေမယ့်လဲ သူဆက်ရုန်းနေမိတယ်။ အေးစက်နေတဲ့အခန်းကျဉ်းလေး‌ထဲမှာ သံချိန်းကြိုးသံတွေကဆူညံ့လို့ပေါ့။ ထိုစဉ်ရုတ်တရက် တံခါးကပွင့်လာပြီး

"နိုးနေပြီလား?"

"........."

ဂျယ်ယွန်းလှုပ်ရှားမှုးတို့ရပ်တန့်သွားရပြီး အဲ့နေရာမှာပင် ြငိမ်သက်သွားမိတယ်။

"ချိန်းကြိုးတွေက တမင်ချုပ်ထားတာမဟုတ်ပါဘူး နိုးလာရင် ဘာစကားမှမပြောပဲထွက်ပြေးသွားမှာစိုးလို့ နာနေပြီလား?"

ဂျယ်ယွန်းအသံမထွက်ပဲ ခေါင်းသာငြိမ့်ပြလိုက်သည်။ ထက်ပြီးအထွန့်တက်ရင်ထိုလူကသူ့ကို ဘာလုပ်မလဲမသိနိုင်တာမို့။

"ဗိုက်ဆာနေပြီလား ညကလဲ ဘာမှမစားထားဘူးထင်တယ် အောက္မှာ ကိုယ်နဲ့ မနက်စားဖို့လိုက်ခဲ့"

ထိုလူက သံချိန်းကြိုးတွေကိုချွတ်ပေးရင်း‌ေအး‌ေအးလူလူပြောလာသည်။

"ကဲ လာအောက်ကိုဆင်းရအောင်"

ထိူလူက သူ့ကိုတွဲခေါ်ပေးပြီး သူလဲ ထိုလူနဲ့အတူအောက်သို့ဆင်းသွားလိုက်သည်။

Mind game Where stories live. Discover now