5

231 20 8
                                    

သူမတို့ရဲ့ သားလေးက သူမတို့ကို မဆက်သွယ်တာ သုံးရက်ရှိပြီ။ အစတကည်းက သားလေးကိုစိတ်ပူတတ်တဲ့ သူမို့ ၃ ရက္မဆက်သွယ်ဘူး‌ဆိုတာက သူမကို စိတ်ပူစေသည်။ ဆောင်းဟွန်းကို ဖုန်းဆက်တော့လဲ ဖုန်းမကိုင်တာမို့ ပိုလို့တောင်စိတ်ပူရပါသည်။ထို‌့ကြောင့်သူမ ဆောင်းဟွန်းတို့ အမေဆီကို ဖုန်းဆက်ရန်ဆုံးဖြတ်လိုက်သည်။

"ယောဘိုဆယ်ရော?"

"အော ဆောင်းဟွန်းအမေရှင့် ကျမပါ ဂျယ်ယွန်းအမေ"

"အော ‌ဂျယ်ယွန်းနီး‌အမေ။ ဂျယ်ယွန်းနီးအ‌မေမဆက်ရင်တောင် ကျမက ဆက်တော့မလို့"

သူမနဲနဲတော့ ကြောင်သွားရသည်။

"ဟိုဟာ ကျမသားလေး ဂျယ်ယွန်းလေ ကျမတို့ကို မဆက်သွယ်လို့ဆောင်းဟွန်းလေးကိုဖုန်းဆက်တော့လဲ မကိုင်လို့လေ။ အဲ့တာ ဆောင်းဟွန်းနီးအမေများသိမလားလို့‌"

"ဟင် ကျမသားဆောင်းဟွန်းက ဂျယ်ယွန်း‌ေလးတို့အိမ်မှာ မဟုဘူးလား?"

သူမပိုလို့တောင်စိတ်ပူလာရပြီ ဆောင်းဟွန်းသာ ဂျယ်ယွန်းရဲ့တိုက်ခန်းမှာရှိရင် ဖုန်းခေါ်တာ ကိုင်ရမှာပေါ့ ။ ဖုန်းလဲ မကိုင်ဘူး သူ့အိမ်မှာလဲမရှိဘူးဆိုတော့ ကလေးတွေဘာများဖြစ်နေပြီ‌လဲ

"မဟုတ်လောက်ဘူးထင်တယ်ရှင် ဂျယ်ယွန်းနီးကလဲ ဆက်သွယ်လို့မရဘူး ဆောင်းဟွန်းနီးကလဲ ဖုန်းမကိုင်ဘူး။ ကျမတို့ ကလေးတွေတခုခုဖြစ်နေပြီထင်တယ်ရှင်.."

"ကျမတို့ဘယ်လိုလုပ်ကြမလဲ အဲ့ဒီနေ့က ညည့်နက္မှ သူဂျယ်ယွန်းလေးတို့ တိုက်ခန်းကိုသွားဝာာ။ ကျမတို့လဲ အဲ့မှာရှိတယ်ပဲထင်တာ "

ဖုန်းတစ်ဖက်ကဆောင်းဟွန်း နီ အမေရဲ့ အသံဟာလဲ တုန်တုန်ယင်ယင်။ သူမတို ကလေးတွေတခုခုဖြစ်နေတာသေချာ‌ေနပါပြီ....

---------------------------

သူ့ရှေ့မှာ ရပ်နေတဲ့ သူရဲ့ သားနှစ်ယောက်ကို သူမျက်လူံးတစ်ချက်လှန်ကြည့်လိုက်သည်။ အငယ်ကောင်က သူဘာမှမလုပ်ထားတဲ့မျက်နှာပေးနှင့်။ အငယ်မလို့ အလိုလိုက်ထားခဲ့တာ ဒီလိုတေွဖြစ်အောင်အထိလုပ်မယ်လို့သူလဲ မထင်ထားခဲ့ပါ။

You've reached the end of published parts.

⏰ Last updated: Sep 01 ⏰

Add this story to your Library to get notified about new parts!

Mind game Where stories live. Discover now