HS!IBFWS

15.1K 160 4
                                    

နေယူး နောက်ဆုံးသောအမှာစာကိုအဆုံးသတ်လိုက်ပြီး ဝယ်သူဆီကိုပေးပို့လိုက်သည်။

အမှာစာတွေအများကြီးလက်ခံထားမိတာကြောင့် အချိန်မှီပြီးရန် ဒီနှစ်ပါတ်အတွင်း အိပ်ချိန်နာရီအနည်းငယ်သာအိပ်ခဲ့ရသဖြင့် သူ့ဦးနှောက်ရော သူ့ခန္တာကိုယ်ရော အနားယူဖို့ရာလိုအပ်နေပြီဖြစ်သည်။

အိပ်တာကသူ့အတွက်အရေးအကြီးလိုအပ်နေတဲ့အပြင် အစားအသောက်ကိုလည်းလိုချင်နေသေးသည်။ဒီနှစ်ပါတ်လုံးခေါက်ဆွဲဘူးနဲ့နှစ်ပါးသွားခဲ့ရတာမို့ အရသာရှိတဲ့အိမ်ချက်ထမင်းဟင်းလေးကိုလည်းစားချင်နေသေးသည်။

သို့သော် သူကိုယ်တိုင်ကတော့ဖြင့်ခေါက်ဆွဲပြုတ်နဲ့ကြက်ဥလောက်သာကြော်တတ်တာမို့ ကိုယ်တိုင်ချက်စားဖို့ကမတတ်နိုင်ပေ။အပြင်စားသောက်ဆိုင်တွေကိုလည်းသွားမစားချင်တာမို့ နေယူး အွန်လိုင်းကနေပဲ အိမ်ထိလာရောက်ချက်ပြုတ်ပေးတဲ့ဝန်ဆောင်မှုဝက်ဆိုက်တွေကိုရှာဖွေလိုက်သည်။

အချိန်ခဏလောက်ရှာဖွေပြီးတဲ့နောက်မှာ ဝက်ဆိုက်တွေကများလွန်းတာမို့ နေယူးမရွေးချင်တော့ပဲ မှတ်ချက်ကောင်းတွေတော်တော်များများရထားသော ဝက်ဆိုက်တစ်ခုကိုရွေးချယ်ကာ အကျိုးအကြောင်းမေးမြန်းရန် DM ပို့လိုက်သော် ဝက်ဆိုက်ဘက်ကချက်ချင်းအကြောင်းပြန်လာသည်။

ရီပလိုင်းကတော့မြန်သား။

ထိုတစ်ချက်နဲ့ပင် နေယူးအကြိုက်တွေ့သွားတာမို့ နေယူးဝန်ဆောင်မှုအပ်ချင်ကြောင်းပြောတော့ ဓာတ်ပုံနှင့်တကွ ကိုယ်ရေးအကျဥ်းတစ်ချို့ပါသောဖိုင်တစ်ခုကိုပေးပို့လာသည်။

နေယူး မောက်စ်ကိုနှိပ်ကာ ဖိုင်ထဲကအချက်အလက်တွေကိုအောက်ဘက်သို့ဆွဲကြည့်ရင်း ကိုယ်ရေးအချက်အလက်ထဲ၌ ထူးဆန်းသည့်အချက်အလက်တစ်ခုကိုပါထည့်ရေးထားကြကြောင်းသတိထားမိသွားသည်။

ဒီခေတ်ကြီးက အဲ့လောက်တောင်ပွင့်လင်းကုန်ကြပြီလားဟ!!

/recommend ပေးလို့ရများရှိလား/

နေယူးဆက်ပြီးမရွေးချင်နေတော့ပေ။သူအရမ်းအိပ်ချင်နေပြီဖြစ်သည်။သူကအစားအသောက်ချက်ခိုင်းဖို့ဝန်ဆောင်မှုခေါ်တဲ့ဟာကို ရုပ်ရည်နဲ့ကိုယ်ရေးအချက်အလက်တွေဖတ်ပြီးဘယ်လိုရွေးရမှာလဲ။လက်ရာကောင်းမကောင်း ပရိုဖိုင်ကြည့်ပြီးသိနိုင်တာမှမဟုတ်တာ။

ဟိုလီရှစ်! ငါတော့ သောက်တလွဲဝန်ဆောင်မှုကြီးဝယ်မိပြီWhere stories live. Discover now