HS!IBFWS

9.8K 135 7
                                    

နောက်တစ်နေ့ မနက် 10နာရီထိုးခါနီးလောက်တွင် ဇိုင်းရင့် ပေးထားသောလိပ်စာထဲရှိအိမ်ရာဝန်းရှေ့သို့ရောက်သွားသည်။

စျေးကြီးပြီးတော်ရုံလူမဝယ်နိုင်သော အိမ်ရာဝန်းပီသစွာနှင့် လုံခြုံရေးကလည်းအထူးတင်းကြပ်လေသည်။

Ferrari ကားအနက်ရောင်လေးသည် အိမ်ရာဝန်းရှေ့လုံခြုံရေးဂိတ်ပေါက်တွင်ရပ်ပြီးစောင့်နေရသည်မှာ ၁၀မိနစ်ခန့်ပင်ရှိပြီဖြစ်သည်။

ဖုန်းဆက်ပေးနေသော လုံခြုံရေးဝန်ထမ်းငယ်လေးသည် အလိုမကျဟန်ပေါ်နေသော ဇိုင်းရင့်ရဲ့မျက်နှာကိုကြည့်လိုက် ကိုင်တဲ့သူမရှိလာသောဖုန်းကိုဆက်တိုက်ခေါ်ပေးလိုက်နှင့် ပြာနေရှာသည်။

"ဟို လူကြီးမင်းချိန်းထားတဲ့သူရဲ့ကိုယ်ပိုင်ဖုန်းနံပါတ်ကိုခေါ်ကြည့်ပေးပါလားဗျ"

လုံခြုံရေးဂိတ်ပေါက်က အိမ်ဖုန်းနံပါတ်ကိုသာဆက်ပေးနိုင်တာမို့ ဝန်ထမ်းလေးကသူ့ကိုတစ်ချက်အကြံပြုလာသည်။

ဆားဗစ်ခေါ်ထားပြီး အိမ်ရာဝင်ခွင့်ကိုကြိုမပြောပေးထားသော client ကောင်လေးကြောင့် ဇိုင့်ရင့် တော်တော်လေးကိုဖီးလ်ကျဲနေပြီဖြစ်သည်။အပြင်ဟိုတယ်တစ်ခုခုမှာချိန်းရင်လည်းရရဲ့သားနဲ့ အိမ်ကိုလည်းခေါ်သေးတယ်။

ချက်ချင်းပင်လှည့်ပြန်သွားချင်စိတ်ပေါ်နေသော်လည်း ကိစ္စတစ်ခုကိုပြီးအောင်လုပ်ရမှကျေနပ်တဲ့အကျင့်ကြောင့် သူ့စရိုက်ကလှည့်မပြန်နိုင်သေးပေ။

အခုချိန်လှည့်ပြန်သွားရင် သူ့စိတ်ထဲမှာတနုံ့နုံ့နဲ့မကျေမချမ်းဖြစ်နေမှာအသေချာပင်။

ထို့ကြောင့် ဇိုင်းရင့် ငယ်ထိပ်ရောက်ချင်နေသောစိတ်ကိုတစ်ထစ်လျော့ကာ လိပ်စာနှင့်အတူမှတ်လာသော ဖုန်းနံပါတ်ကိုခေါ်လိုက်တော့မှ ဒုတိယအကြိမ်ဖုန်းဝင်မှုတွင်ဖုန်းကိုင်လာခဲ့သည်။

"ဟယ်လို"

"....."

ဇိုင်းရင့်...သူ လှည့်ပြန်မသွားရသေးတာ တော်သေးသည်ဟုထင်လိုက်မိသည်။အိပ်ချင်မူးတူးနဲ့ဖုန်းထူးလာသောအသံလေးက နူးညံ့နေကာအသံလုံးသေးသေးလေးနှင့် မလိုင်လုံးချိုချိုလေးလိုပင်။

ဟိုလီရှစ်! ငါတော့ သောက်တလွဲဝန်ဆောင်မှုကြီးဝယ်မိပြီWhere stories live. Discover now