HS!IBFWS

7.9K 120 8
                                    

"ကျွန်တော်...."

သူ့မြူဆွယ်မှုအောက်မှာတွေဝေသွားတဲ့ပုံနှင့် ကောင်လေးက မပီမသအသံလေးထွက်လာပြန်တော့ ဇိုင်းရင့် ဆက်​ပြောဆိုသည့်ပုံစံနှင့် မေးဆတ်ပြလိုက်သည်။

"ဗိုက်ဆာလှပြီ"

"ကျစ်"

ဇိုင်းရင့် ကောင်လေးရဲ့ပါးနှစ်ဖက်ကိုညှစ်ထားရာကနေ လွှတ်ပေးလိုက်ပြီး တစ်ဖက်ကိုလှည့်ကာ စိတ်ပျက်လက်ပျက်နဲ့စုပ်သပ်မိသည်။

ရဲတင်းလိုက်တာ။ဒီအချိန်မှာတောင်ဗိုက်ဆာတဲ့အကြောင်းပဲပြောနေတုန်းပဲ။
ဒီကောင်လေးနဲ့တော့ သူနည်းနည်းမှစိတ်မရှည်တော့ပေ။

သူနဲ့ဆို ကုတင်ပေါ်တက်ပြီး ပေါင်အဆင်သင့်ဖြဲပေးထားမဲ့ client တွေမှရိုက်သတ်လို့တောင်မကုန်နိုင်သမျှ ဒီကောင်လေးနဲ့ကြမှ သူရာဇဝင်အပျက်မခံနိုင်ပါ။

ဇိုင်းရင့် ကောင်လေးရဲ့ကိုယ်ကိုပုခုံးပေါ်ကောက်ထမ်းကာ အိပ်ခန်းဘက်ကိုပြန်ခေါ်လာခဲ့သည်။

"ခင်များ ဘာလုပ်တာလဲ ချပေး ကျွန်တော့်ကို"

"ချပေးမယ် ခဏ"

အိပ်ခန်းထဲရောက်သည်နှင့် ဇိုင်းရင့် ပုခုံးပေါ်ထမ်းလာတဲ့ကောင်လေးကို ကုတင်ပေါ်ပစ်ချကာ အပေါ်ကနေအုပ်မိုးလိုက်ပြီး ဆာလောင်နေသောအကြည့်တို့ကိုတမင်ဖော်ပြလိုက်သည်။ညို့ငင်သောအကြည့်တို့နှင့် သူ့အောက်ကကောင်လေးကို တပ်တပ်မက်မက်ကြည့်ကာ

"ကိုယ်နဲ့အရင်ပျော်ရအောင်လေ ဒါပြီးကြရင် ကိုယ်မင်းကိုချက်ကျွေးမယ် ရလား  ဒီလို package မျိုး အရမ်းတန်တာနော်"

နေယူး သူ့အပေါ်စီးကနေသူ့ကိုချော့မြူသလိုပရိုမိုးရှင်းဆင်းနေတဲ့ M Boy လေးရဲ့လေသံသဲ့သဲ့သည် သူ့ကိုစိတ်ညှို့နေသလိုပင်ခံစားလိုက်ရသည်။ ဗိုက်ဆာလို့ဟာတာတာဖြစ်နေတာလား ရင်ခုန်စိတ်လှုပ်ရှားမိနေတာလားဆိုတာတောင် သူကိုယ်တိုင်ဝေခွဲမရနိုင်တော့ပေ။

ငြင်းဆန်ချင်ပေမဲ့ သူ့ခန္တာကိုယ်ကမလိုက်နာပေ။တဒိတ်ဒိတ်ရင်ခုန်လာသောစိတ်လှုပ်ရှားမှုနောက်တွင် ကိုယ်လေးကတဖြည်းဖြည်းပူလောင်လာသည်။အနည်းငယ်မြူဆွယ်မှုအောက်မှာတင် မနူးမနပ်နှလုံးသားလေးကလှည့်စားခံလိုက်ရပြီဖြစ်သည်။

ဟိုလီရှစ်! ငါတော့ သောက်တလွဲဝန်ဆောင်မှုကြီးဝယ်မိပြီWhere stories live. Discover now