Intro

164 12 0
                                    

80sခုနှစ်ရဲ့သီချင်းတွေကနေ သင်ယူမိခဲ့တဲ့အရာတွေကိုယ့်မှာရှိတယ်။

~ ဆယ်ကျော်သက်အများစုရဲ့ခံစားချက်ကပျော်ရွှင်ချင်ရုံ

~ အချစ်ဆိုတာစစ်မြေပြင်တစ်ခု

~ လူတိုင်းကကမ္ဘာကြီးအပေါ်စည်းမျဉ်းစည်းကမ်းတွေသက်မှတ်ချင်ကြတယ်

~ အခန့်မသင့်ရင်အရာအားလုံးကို မိုးစက်တွေအပေါ်သာအပြစ်ပုံချမယ်

~ မင်းကတော့အံ့ဩစရာအကောင်းဆုံးပါပဲ






💌





သီချင်းတစ်ပုဒ်ရဲ့အဖွင့်မယ်လိုဒီတွေရှည်လျားထွေပြားလွန်းနေပေမယ့် အရင်လိုနားထောင်ဖို့မပျင်းတော့ဘူး။အရွယ်ရောက်လာတာနဲ့အမျှ ချောင်ထိုးထားခဲ့မိတဲ့မှုန်ဝါးဝါးဓာတ်ပြားဟောင်းကြီးကိုလည်း ထုတ်ယူအသုံးချဖို့ဝန်လေးမနေတော့ဘူး။စနေနေ့တိုင်းရဲ့တယ်လီဗေးရှင်းကြည့်ချိန်မှာ ကာလာမပါတဲ့အချစ်ဇာတ်လမ်းတွဲတွေတစ်ဝကြီးထိုင်ကြည့်ဖို့ရာတက်ကြွလွန်းနေပြီ။

မင်းနဲ့တွေ့ပြီးတဲ့နောက်ပိုင်း ကိုယ့်မှာလိပ်ပြာလွှင့်နေတဲ့အရူးတစ်ယောက်လိုပါပဲ...

အိမ်ရှေ့ထွက်လိုက်တိုင်းလင်းထိန်နေတဲ့ အကွေ့အကောက်လမ်းပေါ်ကမီးလုံးလေး‌တွေကိုကြည့်လိုက်တိုင်း မရောက်ဖူးသေးတဲ့မြို့ပြဆီအပြေးသွားချင်စိတ်က တဖန်နိုးကြွနေခဲ့ပြန်တာ။

အားလပ်ရက်တိုင်းရောက်ရောက်လာတတ်တဲ့စာတိုက်ပုံးထဲကစာတစ်စောင်ချင်းစီကို ပြန်စာရေးဖို့ကိုယ်မစောင့်နိုင်တော့ဘူး။

ပြောပြချင်တဲ့စကားတွေအကုန်ချရေးပြီးရင်တော့ စာအိတ်ပေါ်ကိုအရင်လိုအနမ်းလေးတစ်ပွင့်မမေ့မလျော့ချိတ်ဆွဲနေဦးမှာပဲ။

ကိုယ်တစ်ညလုံးထိုင်ဖတ်ခဲ့ရတဲ့မင်းဝတ္ထုထဲကအလှဆုံးအခန်းကဏ္ဍ‌တစ်နေရာရောက်ရင် အခန်းမီးရောင်အောက်မှာမင်းဝိညာဉ်လေးနဲ့သီချင်းတွေဆိုရင်း က ပစ်လိုက်ဦးမယ့် စိတ်လွတ်နေသူတစ်ယောက်ပါ။

အင်း မင်းပြောဖူးခဲ့သလိုမျိုးကိုယ်ဟာ တီဗီထဲအရမ်းပါချင်နေတဲ့သတင်းတင်ဆက်သူအရူးလေးပဲ..!







💌






တစ်နေ့တာလုံးကနှေးကွေးပြီးတော့ရှည်လျားလွန်းပေမယ့် တရွေ့ရွေ့ဆိုတဲ့အချိန်တွေကလှပတယ်..

ကမ္ဘာကြီးရဲ့အပြင်ဘက်ထိအေးမြပြီး တောက်ပတဲ့နီယွန်နဲ့တောရိုင်းအရောင်တွေလိုမျက်စိကျိန်းစေတဲ့မင်းက ကိုယ့်ရင်ထဲကအစွန်းရောက်လေး။

မိုးလေဝသကြေညာချက်တွေကြားအပြီး သောက်နေတဲ့နှင်းဆီလက်ဖက်ရည်ရဲ့အနံ့အသက်ကမတိုးပေါက်နိုင်တော့ဘူး...

မင်းဆီကလက်ရေးစာတွေကိုမဝနိုင်စွာဖတ်လိုက်တိုင်းမှာ ဖတ်နေကျကဗျာစာတိုတွေနဲ့သမိုင်းကြောင်းတွေကိုဥပေက္ခာပြုမိနေပြီ...

ကိုယ့်ခံစားချက်အလုံးစုံကိုဖွင့်ဟလိုက်တာနဲ့ မင်းမျက်နှာထားလေးဘယ်လိုဖြစ်သွားလောက်မလဲဆိုတာတွေးဆကြည့်ရင်း ကိုယ့်ရင်ခုန်သံတွေခေါင်းလောင်းလိုညံနေပြန်ပါပြီ။




ချစ်ခြင်းတွေနဲ့အတူ ဒီနေ့ရဲ့နို့စိမ်းရောင်စာအိတ်လေးထက် ကိုယ့်အနမ်းတစ်လွှာကိုပါတစ်ပါထဲပို့သလိုက်ပါရစေ..






💌







80နှောင်းပိုင်းရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်က ဂျယ်ယွန်းကြိုက်နှစ်သက်တဲ့ဆောင်းဟွန်းရဲ့ဝတ္ထုတွေထဲကလိုမျိုး ပျော်စရာအဆုံးသတ်နဲ့သာပြီးဆုံးပါစေ..

LETTER SEALED WITH A KISS

............


This is my first try SUNGJAKE fic and only 4 parts will be included ><

LETTER SEALED WITH A KISS {SUNGJAKE}Where stories live. Discover now