1985 August (လက်ရှိ) ~
"ရောက်လာပြီလား"
အကြည့်တစ်ချက်နဲ့တင်လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ဆောင်းဟွန်းအဖေဟာ ဒုဗိုလ်မှူးချုပ်ကြီးဆိုတဲ့ဂုဏ်ပုဒ်နဲ့အညီ ယူနီဖောင်းအင်္ကျီကော်လံထက်ငွေကြယ်ပွင့်သုံးပွင့်အရှိန်ဖြင့် မာကျောခက်ထန်လှစွာရပ်နေလေသည်။
ဆောင်းဟွန်းကျောင်းကပြန်ရောက်ရောက်ချင်း သူ့အခန်းထဲကြိုရောက်နှင့်နေတဲ့အဖေဖြစ်သူကိုမရင်းနှီးစွာကြည့်လိုက်ရင်း ပုံမှန်အတိုင်းပြုံးပြနှုတ်ဆက်လိုက်၏။
"အဖေ ရောက်နေတာလား"
တည်ငြိမ်အေးစက်လွန်းနေတဲ့အဖေ့မျက်နှာထားကိုမြင်နေရတဲ့အခိုက် တစ်ခုခုဖြစ်တော့မယ်ဆိုတာကြိုသိနေရင်းက စားပွဲပေါ်မှာစာရွက်တွေရှုပ်ရှပ်ခက်နေတာကိုသတိပြုမိတော့ လက်ကိုင်အိတ်ကိုတင်းတင်းဆုပ်ကာအနားတိုးသွားလိုက်တယ်။
"ဘယ်ချိန်ကတည်းကဒီလောက်ထိရဲတင်းသွားတာလဲ ပတ်ဆောင်းဟွန်း"
သူ့ရဲ့ဝတ္ထုစာရွက်ရေးလက်စတွေကို လက်ထိပ်တွေနဲ့တစ်ရွက်ချင်းလှန်လှောကြည့်နေတဲ့အဖေက အခန်းတွင်းလေထုအခြေအနေအားလုံးကိုလက်ဝယ်ယူထားလို့ အသက်ရှူမဝလောက်စရာအခုအချိန်မှာ အပြင်ဘက်ကပုဇဉ်းသံတွေသာတစ်ခုတည်းသောပေါ်လွင်ဖြိုခွင်းမှု။
"အာ ဒါလား...သူငယ်ချင်းတစ်ယောက်ကအကူအညီတောင်းထားလို့ မနက်ဖြန်ပရင့်ထုတ်တဲ့ဆိုင်မှာသွားအပ်ပေးရမှာ"
အဖေဆိုတဲ့လူကိုမကျော်လွန်နိုင်မှန်းကောင်းကောင်းသိနေတာမို့ အပြင်ပန်းဆိုင်ရာလိမ်လည်ပြောဆိုမှုကို တုန်လှုပ်မှုမရှိစွာအပီအပြင်ပြောလိုက်တယ်ဆိုရင်ပဲ မှန်းဆထားပြီးသားလက်သီးချက်တစ်ချက်ဟာ မေးရိုးပေါ်အားပြင်းပြင်းကျရောက်လာတယ်။
"သားတစ်ယောက်အနေနဲ့မွေးထားတယ်ဆိုတာ ကိုယ့်နေရာကိုယ်သိပြီးလုပ်စရာရှိတာကိုပဲလုပ်ဖို့...အရေးမပါတဲ့လုပ်ရပ်တွေက အသိဉာဏ်မရှိခြင်းတရားကိုကိုယ်စားပြုတယ် အထူးတဖြင့်ငါ့ကိုညာတာ.."
ဆောင်းဟွန်းမျက်ခွံတွေအနည်းငယ်တုန်လှုပ်နေတဲ့တိုင် အဖေ့ကိုတည့်တည့်စိုက်ကြည့်လို့ အေးခိုက်ခိုက်ပြောသံတွေကိုတန်ပြန်ရင်ဆိုင်လိုက်ချိန် သူ့ဝတ္ထုတွေအားလုံးမီးခြစ်တစ်လက်နဲ့မီးရှို့ဖျက်ဆီးခံလိုက်ရကာ အမှိုက်ပှုံးထဲပစ်ထည့်ခံလိုက်ရတယ်။