အနမ်းဖြင့်ချိတ်ဆွဲထားသောစာများ

75 10 4
                                    

• မင်းနဲ့အတူဆော့ချိုတောင်ကိုသွားချင်တယ်

ဆိုးလ်မှာရုပ်ရှင်အတူကြည့်ရင်ပိုကောင်းမှာကို

မဖြည့်စည်းနိုင်ကြသေးတဲ့ဆန္ဒတွေကြားထဲ အဓိကကတော့လူချင်းတွေ့ဆုံရဖို့ပဲမဟုတ်လားအချစ်ရယ်..

မင်းရဲ့ဝတ္ထုကပျော်စရာအဆုံးသတ်ဆိုပေမယ့် လွမ်းမောလွန်းလို့ငိုမိတယ်

အဝေးရောက်ချစ်သူနှစ်ယောက်‌ အဆုံးမှာပေါင်းစည်းနိုင်သွားတာ‌ကြောင့် ပျော်မိလို့ကျတဲ့မျက်ရည်ပဲဂျယ်ယွန်းရဲ့

ဆောင်းဟွန်းရဲ့အတွေးတွေကသိပ်ကိုရိုးရှင်းတာ...
သူပေးစွမ်းနေကျအကောင်းဆုံးခံစားချက်တွေကလည်း ထိုအဖြူစင်ဆုံးကောင်လေးနဲ့သိပ်ကိုမှထိုက်တန်တာပါပဲ။

ဂျယ်ယွန်းရဲ့အိမ်မက်တွေဟာလည်း သေချာပေါက်ပတ်ဆောင်းဟွန်းပဲဆိုတာကို သူသိများသိနိုင်လောက်မလားလေ။

သေချာတာကတော့ နှစ်ယောက်အပြန်အလှန်ပို့ခဲ့တဲ့စာတစ်စောင်ဆီတိုင်းက မမြင်ရတဲ့အနမ်းတွေနဲ့ချိတ်ပိတ်ဆွဲကပ်ထားတယ်ဆိုတာပါပဲ။

Darling I promise you this.
I'll sent you all my love, everyday in a letter.
Sealed with a kiss.


[Sealed with a kiss by Jason Donovan]





💌







August 31~

"ရှင်းမ်ဂျယ်ယွန်း! ပဲငပိအိုးတွေလာရွှေ့ကူဦး"

"ဟုတ် အမေ.."

ယုန်ပေါက်လေးလိုမျိုးခုန်စွစွထွက်လာတဲ့ဂျယ်ယွန်းမှာ အခါတိုင်းထက်ပိုလို့တက်ကြွမြူးထူးဖွယ်အရိပ်အရောင်တွေဖျက်ဖျက်လူးနေလို့ မျက်နှာထက်ရောင်ခြည်တန်းတွေဖိတ်ကျနေသည့်အလား။

နေရောင်ပျောက်ချိန်အမှောင်ထုကျလာလေ စိတ်လှုပ်ရှားမှုဒဏ်တမြေ့မြေ့ကြီးစိုးလာလေနဲ့ အသံထွက်ရုံတမယ်ရှေးသီချင်းတွေညည်းရင်းက ပတ်ဝန်းကျင်တစ်ခုလုံးကိုတောင်သတိမမူမိ။

LETTER SEALED WITH A KISS {SUNGJAKE}Where stories live. Discover now