1985 ဆော့ချိုမြို့ ~
"ရှင်းမ်ဂျယ်ယွန်း!!! စာလာတယ်.."
လပ်ခနဲခုန်လှုပ်သွားတဲ့ရင်အစုံနဲ့အတူ သုံးစက္ကန့်အတွင်းအိမ်ရှေ့ကစာတိုက်ပုံးရှိရာဆီပြေးထွက်လာရင်းက မြူးထူးပေါ့ပါးလှစွာသောလေအလျင်ရဲ့ထိရောက်ရိုက်ခတ်မှုကို အစာအိမ်ထဲထိရှိုက်သွင်းခံယူပစ်လိုက်တယ်။
စာတိုက်ပုံးထဲကအဝါရောင်စာအိတ်လေးကိုထုတ်ယူလိုက်တော့ ထပ်မံတက်ကြွလာပြန်တဲ့နှလုံးအိမ်တစ်ခုလုံးဟာခွေးပေါက်လေးအမှီးရမ်းနေသလိုမျိုးမြောက်ကြွမြောက်ကြွ။"ဟဲ့ မြို့ထဲမှာသတင်းစာနဲ့နွားနို့သွားပို့လိုက်အုံးတဲ့အမေက"
12နှစ်အရွယ်ကျစ်ဆံမြီးတစ်ချောင်းနဲ့ညီမဖြစ်သူရဲ့လေသံမှာ အခါတိုင်းလိုပဲရွယ်တူပြောပြောလာတဲ့တိုင်ဂရုမစိုက်မိပါဘဲ အိမ်ခန်းထဲသာဦးတည်ပြေးဝင်သွားလိုက်တယ်။
"ငါ့အတွက်ကော Ticket လုပေးခဲ့ဦးနော်!! နော်!!"
အိပ်ခန်းတံခါးလော့ချလိုက်ရင်ပဲ အပြင်ကအော်သံဟာအနည်းငယ်တိုးလျသွားချိန် ဂျယ်ယွန်း ကြမ်းပြင်ကစားပွဲပုလေးရှေ့ထိုင်လိုက်ကာ စာအိတ်ဝါလေးကိုကျယ်ပြောလှတဲ့ပင်လယ်ပြင်ကြီးထံကြည့်တဲ့အလား ခပ်ကြာကြာစိုက်ကြည့်လေသည်။
16, Jungang-ro 147 beon-gil, Sokcho-si, Gangwon-do
To. Jaeyun
စာအိတ်ပေါ်ကခပ်သော့သော့လက်ရေးကိုကြည့်တော့ နှုတ်ခမ်းတွန့်တွေကအလိုလိုလှုပ်ခတ်မိလျက်သား။မရိုးအီနိုင်တဲ့ခံစားချက်တွေကို တစ်ကိုယ်တည်းသီကုံးထားလိုက်တာ အခုအချိန်အခိုက်အတန့်ကရောင်ခြည်တန်းအစုအဝေးပမာခပ်မြမြရယ်။
ဖွင့်ထားတဲ့အခန်းပြတင်းပေါက်အသေးလေးကနေ အလင်းလွှလွှတည့်တည့်ခ,လို့ ဆံပင်ညိုမျှင်ကလေးများပျံလွှင့်တော့မတက်စွေ့နေကြလေရဲ့။
အပေါ်ယံစာအိတ်ရဲ့အလယ်ကကြယ်သီးပုံအပိတ်လေးကို ဂျယ်ယွန်း ဂရုတစိုက်လှည့်ကာဖွင့်ဖောက်လိုက်တော့ တိတ်ခွေတစ်ခွေနဲ့စာရှည်တစ်စောင်ထွက်လာတယ်။အခွေကိုစားပွဲဘေးချထားလိုက်ပြီး မျက်လုံးဝိုင်းလဲ့လဲ့လေးတွေနဲ့လက်ထဲကစာကိုစိတ်နှစ်လို့စတင်ဖတ်တော့၏။